DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 22, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဆန် (ပေါ်ဆန်း နယ်စုံ)
ပြည်တွင်း စားသုံးတဲ့ ဆန်တမျိုးဖြစ်တဲ့ ပေါ်ဆန်းဆန် အမျိုးအစားကတော့ ၁ အိတ်ကို အနည်းဆုံး ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၉,၀၀၀ အထိ ပေါက်ဈေးရှိပြီး တပတ်လုံး ဈေးငြိမ်နေပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ၁ တန်ကို ၁,၀၀၀ ကျပ် ဈေးကျသွားပြီး အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ဒီနေ့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးနှုန်းကတော့ ၁ တန်ကို ငေကျပ် ၅၆၃,၀၀၀ ဖြစ်ပါတယ်။

အာလူး
အခြေခံ မီးဖိုးချောင်သုံး စားသောက်ကုန်ဖြစ်တဲ့ အောင်ပန်းဒေသထွက် အာလူး ဈေးနှုန်းတွေကတော့ အောင်ပန်းမှာ ဒီနေ့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းက ၁ ပိဿာကို ငွေကျပ် ၆၈၀ အထိ အမြင့်ဆုံးဈေးရှိနေပြီး  ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ
နှမ်းမျိုးစုံဈေးတွေကတော့ အနည်းငယ် မြင့်တက်လာတာကို တွေ့ရပြီး မန္တလေးကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းတွေအရ နှမ်းဖြူ ၁ အိတ်ကို ၁၁၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၅,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး ၂,၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ
ဒီနေ့ မြင်းခြံ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်တဲ့ ကြက်သွန်နီဈေးနှုန်းတွေကတော့ အမျိုးအစားအလိုက် ၁ ပိဿာကို ၁,၈၅၀ ကျပ်ကနေ ငွေကျပ် ၂,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။

ခရမ်းချဉ်သီး
အောင်ပန်း ကုန်စည်ဒိုင်မှာ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီး ၁ ပိဿာကို ၈၀၀ ကျပ်ခန့် ပေါက်ဈေးရှိနေပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ ဖြစ်နေပါတယ်။

စီပီပြောင်း
ရှမ်းပြည်တောင်ပိုင်းရဲ့ အဓိကထွက်ကုန်တမျိုးဖြစ်တဲ့ စီပီပြောင်းကတော့ ၁ ပိဿာကို ၄၂၀ ကျပ်ကနေ ငွေကျပ် ၅၂၀ ကျပ်နှုန်းနဲ့ လားရှိုးကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျသွားပါတယ်။

ပဲဆီ
မန္တလေး ကုန်စည်ဒိုင်မှာ မြေပဲဆီသန့် ၁ ပိဿာကို ငွေကျပ် ၃,၆၀၀ နှုန်းနဲ့ ဒီကနေ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013