DVB Logo
Home
မြန်မာသတင်း
မုန့်ဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ-မရှိ ကန်ကြီးထောင့် တာဝန်ရှိသူများ စစ်ဆေး
DVB
·
September 22, 2017
မုန့်ဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ-မရှိ ကန်ကြီးထောင့် တာဝန်ရှိသူများ စစ်ဆေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် တာဝန်ရှိသူတွေက မုန့်ဟင်းခါးဖတ်တွေမှာ ကြာရှည်ခံဆေးဝါး (ဖော်မလင်) ပါဝင်မှုရှိ-မရှိ ဓာတ်ခွဲခန်းပို့ စစ်ဆေးဖို့ နမူနာကောက်ယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး မိတ်ဖက်ဌာနတွေနဲ့အတူ ပူးပေါင်းကာ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဖိုတွေက မုန့်ဟင်းခါးဖတ်တွေမှာ ကြာရှည်ခံဆေး (ဖော်မလင်) ပါဝင်မှုရှိ-မရှိဓာတ်ခွဲခန်းပို့ စစ်ဆေးဖို့ မုန့်ဟင်းခါးဖတ်တွေကို နမူနာ ကောက်ယူခဲ့သလို မုန့်ဟင်းခါးဖိုပိုင်ရှင်တွေကိုလည်း မုန့်ဖတ်ထုတ်လုပ်ရာမှာ ကြာရှည်ခံဆေး (ဖော်မလင်) ကို မသုံးစွဲကြဖို့နဲ့ ဆေးရဲ့ ဆိုးကျိုးတွေအကြောင်း ပညာ ပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နမူနာကောက်ယူထားတဲ့ မုန့်ဟင်းခါးဖတ်တွေကို ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) ကို ပေးပို့ကာ ဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မုန့်ဟင်းခါး ဖတ်တွေမှာ (ဖော်မလင်) ပါဝင်မှု တွေ့ရှိခဲ့ပါက ခရိုင်စား သုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်ကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013