DVB Logo
Home
မြန်မာသတင်း
မအီမြို့ကို ထွက်ပြေးလာသည့် အကြမ်းဖက်ဘေးရှောင် ဒုက္ခသည်များ အကူအညီလိုအပ်နေ
DVB
·
September 22, 2017
Donate to DVB

ရခိုင်ပြည်နယ် မအီမြို့ကို ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာတဲ့ အကြမ်းဖက်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ အခက်အခဲတွေရှိနေပြီး အကူအညီတွေ လိုအပ်နေပါတယ်။

မအီမြို့ ဥက္ကံဘုန်းတော်ကြီးကျောင်းနဲ့ ပဒါကျေးရွာတွေမှာ ခိုလှုံနေသူ  ၅၀ ဝန်းကျင် ရှိနေပြီး  သူတို့ဟာ ရခိုင်ပြည်နယ် မောင်တောမြို့က ဒေသခံတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။

လောလောဆယ်မှာတော့ စားဝတ်နေရေးအတွက် အစိုးရနဲ့ အလှူရှင်တွေက ကူညီထောက်ပံ့ပေးနေပေမယ့် ရေရှည်အတွက် လုံလောက်မှု မရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ မအီမြို့တွေကို ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013