DVB Logo
Home
မြန်မာသတင်း
မြေယာပိုင်ဆိုင်မှု အမှုရှုံးသည့်အတွက် မိသားစု ၅ စု နေအိမ်ခြံဝင်းတွင်းမှ ဖယ်ရှားခံရ
DVB
·
September 22, 2017
မြေယာပိုင်ဆိုင်မှု အမှုရှုံးသည့်အတွက် မိသားစု ၅ စု နေအိမ်ခြံဝင်းတွင်းမှ ဖယ်ရှားခံရ
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာမှာ စားကျတ်မြေအတွင်း မြေယာပိုင်ဆိုင်မူ အငြင်းပွားတရားစွဲဆိုခဲ့ရာ တိုက်ကြီးမြို့နယ်တရားရုံးက မြေယာပိုင်ဆိုင်မူ အထောက်အထား အပြည့်အစုံပြနိုင်သူကို အနိုင်ပေးလိုက်ပြီး စက်တင်ဘာ ၂၁ ရက်မှာ ရဲအင်အား ၂၀ ကျော်နဲ့ မိသားစု ၅ စုကို ခြံအတွင်းက ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ဒီမှာနေတာ အနှစ်နှစ်ဆယ်ရှိပါပြီ။ ဒါကစားကျက်မြေပါ၊ အခုလိုကျနော်တို့ မိသားစုတွေကို ဖယ်ခိုင်းမယ်ဆို တရွာလုံး ဖယ်ရမှာပါ။ တရွာလုံးက စားကျက်မြေပေါ်မှာ နေကြတာပါ၊။ တရားရုံးမှာလည်း ကျနော်တို့က ဒါဟာ စားကျက်မြေ ဘယ်သူမှ မပိုင်ပါဘူး၊ အခုကျေးရွာမြေအဖြစ်ကျထားပါတယ်။ ဒါကိုအုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲပြီး နေရာချပေးရင် ကျနော်တို့ ထွက်ပေးပ့ါမယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါကိုကျနော်တို့ကို အမှုရှုံးတယ်ဆိုပြီး အခုလိုလုပ်တာပါ” လို့ အိမ်ဖျက်ခံရသူမိသားစုမှ ဦးစိန်မြင့်က ပြောပါတယ်။

“အုပ်ချူပ်ရေးမှူးကခြံကွက်ပေးမယ် လက်မှတ်ထိုးပေးဆိုလို့ လက်မှတ်ထိုးပေးလိုက်ပါတယ်၊ ဆယ်ရက်လောက်ကြာတော့ တရားရုံးတက်ရမယ် လာပြောတယ်၊ တရားရုံးမှ စားကျက်မြေပါလို့ ပြောတာလည်းမရဘူး၊ စားကျက်မြေဖြစ်လို့ ရွာမြေလျှောက်ထားတာ သူတို့တိုင်းမပေးလို့ ကျမတို့နေရတာပါ၊ တိုင်းပေးရင် ကျမတို့ရွှေ့ပေးမှာပေါ့၊ အခုတော့ သူတို့တိုင်းမပေးဘဲနဲ့ အခုလိုအိမ်လာဖျက်တာပါ၊ မရဘူးဆိုလည်းမရဘူးပြောရပါမယ်၊ ပြောပြီးအခုလိုလုပ်တာ ကျမတို့ကို အရှက်ခွဲတာပါ” လို့ အိမ်ဖျက်ခံရသူ ဒေါ်တင်ရွှေက ပြောပါတယ်။

“၁၉၉၇ ခုနှစ်ကတည်းက ဥယျာဉ်ခြံမြေအဖြစ်နဲ့ ကျမတို့ အုတ်လုပ်ဖို့ ဝယ်ခဲ့တာပါ၊ ရောင်းတဲ့သူကလည်း ဥယျာဉ်ခြံဆိုတဲ့ ပြေစာရော အရောင်းအဝယ် စာချူပ်ပါပေးပါတယ်၊ အဲဒီမှာအုတ်လုပ်တော့ အဆင်မပြေလို့ ကျမတို့ တခြားကိုပြောင်းသွားပါတယ်၊ နောက်လမ်းဖောက်လိုက်တော့ ခြံကနှစ်ခြမ်းကွဲသွားပါတယ်၊ သူတို့တွေက အရင်တုန်းက တောထဲမှာနေတာပါ။ ဆင်တွေလာလို့ ကြောက်လို့ဆိုပြီး အမေ့ကိုခွင့်တောင်းပြီး လာနေကြတာပါ။ အမေကလည်း နေဆိုပြီး နေခိုင်းထားတာပါ။ ၂၀၁၃ မှာကျမတို့ ရောင်းမယ်ပြောတော့ သူတို့က ရောင်းပါဖယ်ပေးပါမယ်ဆိုပြီး အုပ်ချူပ်ရေးမှူးရုံးမှာ လက်မှတ်ထိုးထားပါတယ်၊ ဒါပေမယ့် မဖယ်ဘူး၊ နို့တစ်စာပို့လည်း မဖယ်ပေးလို့ ၂၀၁၄ ခုနှစ်မှာ တရားစွဲတာပါ။ တရားရုံးမှာ မြေစာရင်းကလည်း သက်သေထွက်ပေးပါတယ်၊ ဒါကဥယျာဉ်ခြံမြေပါ။ သူတို့ရုံးက(G)မြေပါလို့ ပြေစာ ထုက်ပေးတာဖြစ်တဲ့ အတွက် သူတို့ကိုယ်တိုင် လာပြီးသက်သေထွက်ပေးပါတယ်၊ ခုချိန်ထိလည်း ဒေါ်မြကြည်နာမည်နဲ့ ပြေစာခွန်ဆောင်နေရတုန်းပါပဲ၊ နောက်ထပ်တလုံးဖျက်ဖို့ ကျန်ပါသေးတယ်၊ သူကတော့ တရားဝင်ဖျက်မိန့် မကျသေးတဲ့အတွက် ထားခဲ့တာပါ။ စားကျက်မြေဆိုပေမယ့် ကျမတို့က မြေစာရင်းက ထုက်ပေးတဲ့ ပြေစာနဲ့ အခွန်ဆောင်ထားရတာပါ” လို့ တရားနိုင်ဖြစ်သူ ဒေါ်မြစန္ဒာငွေဦးကပြောပါတယ်။

ဆင်စခန်းကျေးရွာအုပ်စု ကန်သာယာကျေးရွာဟာ စားကျက်မြေပေါ်မှာရှိပြီး ၂၀၁၄ ခုနှစ်မှာ ဒေသခံတွေက ကျေးရွာမြေအဖြစ် လျှောက်ထားခဲ့ရာ ၂၀၁၆ ခုနှစ်မှာ ကျေးရွာမြေအဖြစ် ပြန်ကျလာခဲ့ပြီး ခုချိန်မှာတော့ ကျေးရွာမြေစီမံကိန်းတွေ လုပ်ဆောင်နေစဉ် အခုလိုမြေယာပိုင်ဆိုင်မှု အငြင်းပွားခဲ့တာပါ၊

ခုချိန်မှာ မိသားစုငါးစုဖယ်ရှာပေးခဲ့ရပြီး နောက်ထပ်မြေယာပိုင်ဆိုင်မှု အငြင်ပွားမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မိသားစုတွေလည်းရှိနေပါတယ်။

၂၀၁၇ ခုနှစ်မေလမှာ သစ်တောဦးစီးဌာနက ကျေးရွာမြေအဖြစ် ပယ်ဖျက်ပေးခဲ့တဲ့ မင်္ဂလာရပ်ကွက် အေးသစ္စာကျေးရွာမှာ ဦးစီးဌာနတွေက စာရင်းကောက်ယူခဲ့တဲ့ အချိန်က ပါဝင်ခဲ့တဲ့ မိသားစုမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်ချူပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ တိုက်ကြီးမြို့နယ်တရားရုံးက အမှုကို အနိုင်ပေးခဲ့ပြီး ဇာရီမှုနဲ့ မိသားစုတစုကို အခုလို ဖယ်ရှားခဲ့ပါတယ်။

တိုက်ကြီးမြို့နယ်မှာ သစ်တောမှကျေးရွာမြေအဖြစ် ပယ်ဖျက်ပေးထားတဲ့ ကျေးရွာတွေမှာ အခုလိုမြေယာအငြင်းပွားမှု ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013