DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ လူမှုရေးမူဝါဒ သဘောတူညီချက်အချို့ အကောင်အထည်မဖော်နိုင်သေး
DVB
·
September 22, 2017
၂၁ ရာစုပင်လုံ လူမှုရေးမူဝါဒ သဘောတူညီချက်အချို့ အကောင်အထည်မဖော်နိုင်သေး
Donate to DVB

ပြီးခဲ့တဲ့ မေလပိုင်းက ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကနေ လူမှုရေးမူဝါဒ သဘောတူညီချက် ၄ ချက်ကို ချမှတ် သဘောတူနိုင်ခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှုမှာ ဒီနေ့အထိ ထူးခြားမှု မရှိသေးဘူးလို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၂) ဖြစ်သူ ဒေါ်နန်းဆေးဟွာက ပြောပါတယ်။

“ကျမ တွေ့ရတာကတော့ မပြောင်းလဲသေးဘူး။ အရင်အတိုင်းပဲ ရှိနေသေးတယ်။ ဒါပေမယ့် တခု ရှိတာကတော့ ကျမတို့ကတော့ အဲဒီပင်လုံညီလာခံ မဟုတ်ဘဲနဲ့ NCA လက်မှတ်ထိုးထားတဲ့ အထဲမှာပေါ့နော်။ EAO ဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြီးတော့ တပ်မတော် အစိုးရရဲ့ အဖွဲ့အစည်းတွေကြားထဲမှာ စောင့်ကြည့်ရမယ့် ဒီလယ်ဘယ်အဆင့်တွေမှာ မိန်းကလေးတွေ ပါဝင်လာတာကို တွေ့ရတယ်။ ဒီစတိတ်လယ်ဘယ်မှာ အဲဒီလို ပါဝင်လာတာ တွေ့ရတဲ့အတွက် တနည်းအားဖြင့် အမျိုးသမီးတွေကို နေရာ တနေရာ ပေးတာပဲလို့ ယူဆပါတယ်။”

လူမှုရေးမူဝါဒ သဘောတူညီချက် ၄ ချက်ကို ဒုတိယပင်လုံညီလာခံ ဒုတိယအစည်းအဝေး ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှာ သဘောတူညီမှု ရခဲ့ပေမယ့် အချိန်ကာလ လေးလ ကျော်လာတဲ့အထိ အကောင်အထည်ဖော်မှု နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။

သဘောတူညီမှု လူမှုရေးမူဝါဒမှာ သဘောတူထားတဲ့ လက်နက်နဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာနေသူတွေ၊ သဘာဝဘေးကြောင့် နေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရေးနဲ့ မိမိနေရပ်နဲ့ အခြားနေရာကို သွားရောက်လိုသူတွေကို လူဂုဏ်သိက္ခာနဲ့အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ရေး အစီအမံတွေ ဆောင်ရွက်ပေးရေး ဆိုတဲ့ လုပ်ဆောင်ပေးနိုင်မှုတွေကို မတွေ့ရသေးဘူးလို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောပါတယ်။

“စစ်ပွဲကြောင့် ကျမတို့ အမျိုးသမီးတွေဟာ ဘယ်လို ဒုက္ခရောက်နေတယ်ဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ စစ်ဘေးရှောင်စခန်း ရောက်သွားပြီဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေအတွက် လူမှုနဲ့ ဂုဏ်သိက္ခာအတွက် ဖြည့်ဆည်းမပေးနိုင်သေးတာကိုလည်း ကျမတို့ တွေ့ရမယ်။ နောက်ပြီးတော့ အစားအစာလုံခြုံရေး၊ ပြီးတော့ ကျန်းမာရေး လုံခြုံရေး၊ ဒါတွေကို ဖြန့်ကြက်ပြီး ကြည့်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းမှုမရှိတဲ့ ဒေသမှာရှိတဲ့ အမျိုးသမီးထုဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူးဆိုတာကို တွေ့ရလိမ့်မယ်။”

လူမှုရေးမူဝါဒ သဘောတူညီမှု ၄ ချက်မှာ အဓိကအချက်တွေအနေနဲ့ အမျိုးသမီးတွေအတွက် လုံခြုံရေးကို အဓိကထည့်သွင်းတဲ့ သဘောတူညီမှုတွေ ပါဝင်နေပြီး နေရပ်ပြန်လိုတဲ့ စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့လည်း ပြည်တွင်း ပြည်ပ ရှိနေဆဲပဲ ဖြစ်ပါတယ်။

စစ်ရှောင်တွေအနေနဲ့လည်း တချို့က ကိုယ့်ဒေသကို ကိုယ် ပြန်လာချင်ပေမယ့် မိုင်းအန္တရာယ်နဲ့ မပြီးနိုင်သေးတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ အခက်အခဲ အမျိုးအမျိုးနဲ့ နေထိုင်သူ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ သောင်းချီ ရှိသေးတာကိုလည်း တွေ့ရပါတယ်။

နေရပ်စွန့်ခွာ စစ်ရှောင်တွေအနေနဲ့လည်း နေရပ်ကို ငြိမ်းချမ်းစွာ ပြန်လာနိုင်ရေး ၂၁ ပင်လုံ ဒုတိယအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ လူမှုရေးမူဝါဒ ၄ ချက်ကို နိုင်ငံတော် အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013