DVB Logo
Home
မြန်မာသတင်း
ငွေချေးတာ မပေး၍ အိမ်နီးချင်းမိသားစုအား ဓားဖြင့် ခုတ်ထွက်ပြေးသူကို ဖမ်းမိ
DVB
·
September 22, 2017
Donate to DVB

မိုးညှင်းမြို့ အောင်သပြေရပ်ကွက် ၃ မှာ စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီလောက်က မူးယစ်ဆေးသုံးစွဲဖို့အတွက် ငွေချေးတာမရလို့ အိမ်နီးချင်းမိသားစုအား ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျောက်ဟူး (ခ) ကျူးတီကို စက်တင်ဘာ  ၂၁ ရက်နေ့မွန်းလွဲပိုင်းက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက ပြောပါတယ်။

“ကျနော်တို့က သူ့လယ်တောမှာ သွားရှာမလို့ သူ့အဖေကိုခေါ်ပြီးအထွက်နဲ့ သူက သူ့အိမ်မြောက်ဘက် ကိုက် ၅၀ လောက်ကနေ ဓားကိုင်ပြီး အိမ်ကို အလာလမ်းမှာ တန်းတွေ့တာပဲ။ သူ့ကို လက်ကဓား အရင်အောက်ကို ချခိုင်းရတယ်။ ဓားအောက်ကိုချမှ ဖမ်းလို့ရတာ” လို့ မိုးညှင်းမြို့မရဲစခန်း မှတ်တမ်းထိန်း ဟန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရာမှာ မိုးညှင်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်မင်းစိုး၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်လာနဲ့ ရာအိမ်မှူးတွေ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓားနဲ့ခုတ်လို့ အိမ်အမှတ် ၁၀၀ မှာနေထိုင်တဲ့ ဒေါ်ကျိန်ဆံ (၇၈-နှစ်)ဟာ နဖူးထိပ်ပြတ်ရှ ဒဏ်ရာတစ်ခု၊ ဦးခေါင်းထိပ်ပြတ်ရှ ဒဏ်ရာတခုနဲ့ လက်ချောင်းတွေ ပြတ်ရှဒဏ်ရာတွေ ရရှိပြီး အတွင်းလူနာအဖြစ် ဆေးရုံမှာ ကုသထားရာကနေ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ကျိန်ဆံရဲ့ သမီးဖြစ်သူ မခိုင်(ခ)တွမ်ဝေရှု  (၅၅-နှစ်)မှာ ညာဘက်ကျောကုန်း ပြတ်ရှဒဏ်ရာ ရရှိပြီး စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

အမှုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂/၃၂၆ အရ အမှုစစ်ရဲအုပ်ဇော်မျိုးထွန်းက ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်း- ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013