DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အနီး တရားမဝင်ကျွန်းသစ်များ တင်လာသည့် ၆ ဘီးယာဉ်တစီး ဖမ်းမိ
DVB
·
September 22, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဝဲထောင့်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့ညက တရားမဝင် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်တစီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့နယ်သစ်တောဦးစီးဌာနက ပြောပါတယ်။

"သစ်ကလည်း ၄ တန်လောက်တော့ ရှိမယ်။ ၆ ဘီးကားနဲ့ တင်လာတာပါ။ ယာဉ်မောင်းကိုလည်း မိပါတယ်။ အခုတော့ သစ်တွေရော ကားကိုပါ ရဲစခန်းထဲမှာ ထားထားပါတယ်။ ပြီးမှပစ္စည်းတွေကို သစ်တောရုံး ရွှေ့မှာပါ။ သစ်က ကျွန်းတွေပါ" လို့ ဖြူးမြို့နယ်သစ်တောဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ သတင်းအရ ရန်ကုန်-မန္တလေး ကားလမ်းမိုင်ဟောင်း မိုင်တိုင်အမှတ် ၁၄၃/၃ နဲ့ ၁၄၃/၄ အကြား ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာအနီးမှာ ထွန်းထွန်း မောင်းနှင်လာတဲ့ ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းသစ်ခွဲ ဆိုဒ်စုံ  အချောင်း ၆၀၊ ၄ တန်လောက်ကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက "ဖြူးမြို့ဆီဆိုင်နားမှာ မိတာပါ။ ယာဉ်မောင်းကိုတော့ စခန်းမှာ ဖမ်းထားပါတယ်။ သစ်ကိုတော့ သစ်တောကို လွှဲပေးသွားမှာပါ။ ၄ တန်လောက်တော့ ပါမယ်၊ ကျွန်းတွေပါ" လို့ ပြောပါတယ်။

တရားမဝင် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ယာဉ်မောင်း ထွန်းထွန်းကို ဖြူးမြို့မရဲစခန်းတွင် အများနှင့်သက်ဆိုင်သောပစ္စည်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃  အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဖြူးအမြန်လမ်းတိုးဂိတ်အနီးမှာလည်း ကျွန်းသစ်တွေ တရားမဝင် တင်ဆောင်လာတဲ့ ယာဉ်တစီးကို အခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်း -  ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013