DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အကြည်ညိုပျက်စေမယ့် စာစောင်များ ပုသိမ်မှာ ဝေ
DVB
·
March 23, 2012
ဒေါ်အောင်ဆန်းစုကြည်ကို အကြည်ညိုပျက်စေမယ့် စာစောင်များ ပုသိမ်မှာ ဝေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အကြည်ညိုပျက်စေတဲ့ စာသားပါ လက်ကမ်း စာစောင်တွေ ကို အခု ရက်ပိုင်း လိုက်ဝေနေပြီး၊ ဒီလိုလုပ်ရပ်တွေထဲမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နေတယ်လို့ ပုသိမ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က ပြောပါတယ်။

[caption id="attachment_23006" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ခရီးစဉ်"][/caption]

အမေစု ပြန်လာပြီ စာသားပါ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လက်ကမ်း စာစောင်ကို လိုက်ဝေတာဖြစ်ပြီး၊ အဲ့ဒီပုံ နောက်ကျောဘက် မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို သိက္ခာချထားတဲ့ စာသားတွေ ရေးထား တာလို့ ဆိုပါတယ်။ ပုသိမ်မှာ သက်ဆိုင် ရာ တာဝန်ရှိသူတွေ ကိုယ်တိုင်  မဲဆွယ် စည်းရုံးနေပုံကိုလဲ သူက ပြောပါတယ်။

“တိုင်းဝန်ကြီးချုပ်အဆင့် ပါသလို တိုင်းဝန်ကြီးအဆင့်လည်း ပါတယ်။ အဲဒါတွေကပါ ဝင်ပြီးတော့။ တိုင်းဝန်ကြီးဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောမယ် ဆိုရင် နိုင်ငံရေး ကင်းရှင်းရတော့မယ်။ အစိုးရ၀န်ကြီး အဖွဲ့မှာ ပါကတည်း ကိုက ပါတီနိုင်ငံရေးကို မလုပ်ရတော့ဘူး ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပါပြီး သား။ ဒါပေမယ့် လုပ်နေတာပဲ။  လိုက် မဲဆွယ်ပေးနေတာပဲ။ ခယက ဥက္ကဋ္ဌ တို့၊  ထွေ/အုပ် မြို့နယ်တို့ကလည်း ရယကတွေပေါ့။ သူတို့ အဆင့်ဆင့် ရပ်ကွက်အုပ် ချုပ်ရေး တွေကို ခေါ်ပြီးတော့ သူတို့ ပါတီအတွက် ဝင်ပြီးတော့ လုပ်ပေးဖို့ ပြောနေ တာတွေ ကျနော်တို့ ကြားသိနေရတယ်။ အထောက်အထားတွေကတော့ တက် ရောက်တဲ့ လူတွေက ပြန်ပြောတာပေါ့။ ကျနော်တို့ တက်တာ မဟုတ်တော့ အသံဖိုင်တို့၊ ဓာတ်ပုံတို့တော့ ဘယ်ရှိမလဲ။”

ရရှိထားသလောက် သက်သေ အထောက်အထားတွေနဲ့အတူ မတ် ၂၆ ရက် သက်ဆိုင်ရာ ကော်မရှင်နဲ့ တွေ့တဲ့အခါ တိုင်တန်း တင်ပြသွားမယ် လို့ ဆိုပါတယ်။ အလားတူ အဖြစ်မျိုး မြောင်းမြမှာ ဖြစ်ခဲ့ကြောင်းလည်း အန်အယ်လ်ဒီပါတီ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာ လစ်လပ်နေပြီး၊ အန်အယ်လ်ဒီပါတီအနေနဲ့ အနည်းဆုံး ၅ နေရာ အနိုင်ရနိုင်တယ် လို့ ဒေသခံတွေနဲ့ နိုင်ငံရေးပါတီတွေက ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013