DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေအငြင်းပွားမှု ဖြေရှင်းပေးနေချိန် လေးခွဖြင့်ပစ်သူကို အရေးယူ
DVB
·
September 21, 2017
လယ်ယာမြေအငြင်းပွားမှု ဖြေရှင်းပေးနေချိန် လေးခွဖြင့်ပစ်သူကို အရေးယူ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်အိုးရွာအရှေ့ဘက်ရှိ လယ်ယာမြေစည်းတား ကန်သင်း အငြင်းပွားမှုကို ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီက ဖြေရှင်းပေးနေချိန် ကိုဝင်းကျော်က လေးခွနဲ့ပစ်ပြီး ဆဲဆိုကြိမ်းမောင်းတာကြောင့် အလုပ်ဝတ္တရား နှောင့်ယှက်မှုနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဝမ်းတွင်းမြို့မ ရဲစခန်းက “ကိုအောင်ကျော်လွင် လယ်မြေကန်သင်းကို ကိုဇော်လွင်မောင်က ဖဲ့ယူထွန်ယက်တာကြောင့် ဖြေရှင်းပေးဖို့ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို တိုင်ကြားပါတယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ဦးဆောင်တဲ့ ကျေးရွာလယ်စီအဖွဲ့ ကွင်းဆင်းကြည့်ရှုကာ ဖြေရှင်းပေးဖို့ လုပ်ဆောင်နေချိန်မှာ ကိုဇော်လွင်မောင်ရဲ့ အစ်ကိုဖြစ်သူ ကိုဝင်းကျော် လိုက်လာပြီး ဆဲဆိုကြိမ်းဝါးပြီး လေးခွနဲ့ ပစ်ပါတယ်။ ကိုဝင်းစိုးက လေးခွကို လုယူသိမ်းလိုက်တော့ အနီးက တုတ်နဲ့ ကိုအောင်ကျော်လွင်ကို ပစ်ပေါက်တယ်။ ထိမှန်ပေမယ့် ဒဏ်ရာမရပါဘူး။ လယ်မြေကန်သင်း အငြင်းပွားမှု ဖြေရှင်းတာ ဆက်မလုပ်တော့ဘဲ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အမှုလာဖွင့်တယ်”လို့ ပြောပါတယ်။

ဒုရဲအုပ်သိန်းဇော်သန်းက “အခင်းဖြစ်တာက မနေ့က နေ့လယ်မှာ ဖြစ်တယ်။ ဒီနေ့ပဲ လယ်စီဥက္ကဋ္ဌလည်းဖြစ် ရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးဝင်းစိုးက တရားလိုလုပ်ပြီး အမှုဖွင့်တယ်” လို့ ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက “အညာအရပ်ဓလေ့အရ လယ်ယာမြေစီမံမှုမှာ အထက်လူ အောက်ကန်သင်း အဆိုရှိတယ်။ ကိုအောင်ကျော်လွင်ရဲ့ အောက်ကန်သင်းကို ကိုဇော်လွင်မောင်က ဖဲ့ထွန်ယက်နေတာကြောင့် ဖြေရှင်းပေးဖို့ ကွင်းဆင်းလုပ်ဆောင်နေတုန်း မခေါ်ဘဲ ရောက်လာတဲ့ ကိုဝင်းကျော်ကြောင့် ဖြေရှင်းမှု မလုပ်လိုက်ရဘူး။ အလုပ်ပျက်သွားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ကိုဝင်းကျော်ကို အလုပ်ဝတ္တရား နှောင့်ယှက်မှု၊ ဆဲဆိုမှု၊ ကြိမ်းမောင်းမှုတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/ ၅၀၆ တို့နဲ့ အမှုအမှတ် (ပ)၁၉၄/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013