DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ကြက်ခြေနီထောက်ပံ့ရေးပစ္စည်းတင်စက်လှေ လူစုလူဝေးဖြင့်ဟန့်တားခံရ
DVB
·
September 21, 2017
စစ်တွေမြို့တွင် ကြက်ခြေနီထောက်ပံ့ရေးပစ္စည်းတင်စက်လှေ လူစုလူဝေးဖြင့်ဟန့်တားခံရ
1 / 6
Donate to DVB

 

မောင်တောဒေသရှိ နေရပ်စွန့်ခွာသူတွေကို  ကြက်ခြေနီရဲ့အစီအစဉ်နဲ့ ကူညီထောက်ပံ့ဖို့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်နေတဲ့ စက်လှေတစီး စစ်တွေမြို့ လှေဆိပ်မှာ လူစုလူဝေးနဲ့ ဟန့်တားခံခဲ့ရလို့ လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဦးနိုင်လင်းဝေဟာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီမှာ  စစ်တွေမြို့ ဘူးသီးတောင် စက်လှေဆိပ်ရှိ သော်တာဝင်းစက်လှေအား ငှားရမ်းပြီး ဆိုလာမီးအိမ် ၇၇၄ ခု၊ အမျိုးသမီး သန့်စင်ရေးသုံး ၁၃၀၀၊ အ၀တ်အစား ၆၄၀၇၁ ထည်၊ စောင် ၁၃၃၁ ထည်၊ တာပေါ်လင် ၁၂၄၀၊ ရေပုံး ၁၄၉၄ လုံး၊ ခြင်ထောင် အလုံး ၃၀၀၀ နဲ့ မီးဖိုချောင်သုံးပစ္စည်းအထုပ် ၃၀၀ မှန်းတန်ချိန် ၅၀ တို့ကို တင်ဆောင်နေခဲ့တာပါ။

ခုလိုတင်ဆောင်နေမှာ လူ ၂ ဦးလာရောက် ကြည့်ရှုကာ အလုပ်သမားတွေက ICRC ပစ္စည်းတွေလို့ ဖြေကြားခဲ့ပေမယ့်  ညနေ ၅ နာရီမှာ  လူ ၅၀ လောက်ထပ်ရောက်ရှိလာပြီး လူစုလူဝေးနဲ့ ပစ္စည်းတွေကို ပြန်ချရန်ဖို့နဲ့ လှေမထွက်ဖို့ ဟန့်တားခဲ့တယ်လို့ဆိုပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေ ရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ဖို့ ညှိနှိုင်းခဲ့ပေမယ်မယ့် စက်လှေ မမောင်းရဲလို့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးနေစဉ် ည ၈ နာရီမှာ လာရောက်ကြည့်ရှုသူ အင်အား ၃၀၀ လောက် စုစည်းမိပြီး ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်နဲ့  လူအုပ်ကို ဒိုင်းတွေ၊ မီးသတ်ယာဉ်တွေနဲ့ ရှင်းလင်းရာမှာ လူအုပ်စုထဲက ဂျင်ကလိနဲ့ ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက (၁၂)ဗို့ ဂရီနာ ၂၀ လက်နဲ့ ပစ်ဖောက် ရှင်းလင်းခဲ့ရတယ်လို့ အစိုးရကထုတ်ပြန်ပါတယ်။

ဒီအချိန်မှာ စစ်တွေမြို့ရှိ ဒေသစစ်ဆင်ရေးကွပ်ကဲရေးမှူးနဲ့ တပ်မတော်သားတွေထပ်မံ ရောက်ရှိ အင်အားဖြည့်တင်းပြီး လူစုခွဲခဲ့ရာမှာ ည ၁၁ နာရီတွင် လူစုကွဲသွားခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူအုပ်တွင်ပါဝင်သူ ၈ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013