DVB Logo
Home
မြန်မာသတင်း
ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား (ရုပ်သံ)
DVB
·
September 21, 2017
Donate to DVB

မြန်မာနိုင်ငံ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲမှာ တက်ရောက်မိန့်ခွန်းပြောကြားသွားပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မက္ကဆီကို ငလျင်ဘေးနဲ့ အမေရိကန်နဲ့ ကာရစ်ဘီယံဒေသက မုန်တိုင်းဘေးဒဏ်ခံရသူတွေအတွက် ဝမ်းနည်းစာနာတဲ့အကြောင်း ပြောကြားသွားပြီး ရခိုင်ပြည်နယ်တွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောကြားသွားပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ စက်တင်ဘာ ၁၉ ရက်က ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားမှာလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ရှင်းလင်းပြောကြားပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေက အလှည့်ကျ မိန့်ခွန်းပြောကြားခဲ့ကြတာပါ။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက် ၁၉း၀၀ နာရီ၊ မြန်မာစံတော်ချိန် စက်တင်ဘာ ၂၁ ရက် မနက် ၀၅း၃၀နာရီမှာ  ပြောကြားတဲ့ ဦးဟင်နရီဗန်ထီးယူရဲ့ မိန့်ခွန်းအပြည့်အစုံ ကြည့်ရှုရန်-

http://webtv.un.org/watch/myanmar-vice-president-addresses-general-debate-72nd-session/5582163304001/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013