DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းကြေးနီစီမံကိန်းဆန့်ကျင်သည့် ဆိုင်းဘုတ်များ ဆည်တည်းရွာဝင်တွင် စိုက်ထူ
DVB
·
September 20, 2017
လက်ပံတောင်းကြေးနီစီမံကိန်းဆန့်ကျင်သည့် ဆိုင်းဘုတ်များ  ဆည်တည်းရွာဝင်တွင် စိုက်ထူ
1 / 4
Donate to DVB

 

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာ အဝင်တွေမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆိုင်းဘုတ်တွေနဲ့ ကင်းတဲတွေကို ရွာသားတွေက တည်ဆောက်ခဲ့ကြပါတယ်။

"အဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံကော်ကို လိုက်နာမှုမရှိတာ၊ စုံကော်မှာပါတဲ့ နစ်နာတဲ့ တောင်သူတွေအတွက် အစားထိုးမြေယာဧက ၁၉၀၀ ကို မဖော်ဆောင်တာ၊ စုံကော်အစီရင်ခံစာကို မလိုက်နာဘဲ လုပ်ငန်းလည်ပတ်နေတာ၊ နောက်ထပ် စီမံကိန်းနယ်မြေတွေ ချဲ့ထွင်ပြီး ခြံစည်းရိုးခတ်ဖို့လုပ်နေတာ ဒါတွေကြောင့် ဒီလို ဆိုင်းဘုတ်တွေစိုက်ထူတာပါ"လို့ ဆည်တည်းရွာ ဒေသခံတောင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ရွာအဝင်တွေမှာ သတိအန္တရာယ်ရှိသည်။ ကျေးရွာအတွင်းဝင်ရောက်မည်ဆိုပါက စစ်ဆေးမှုခံယူပါ။ ဒေါ်အောင်ဆန်းစုကြည်၏ စုံကော်အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်းအား လုံးဝ လက်မခံပါ။ အာဏာရူးများ၊ စစ်ခရိုနီများ သတိ၊ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းနိုင်ရေးသည် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည် စတဲ့ စာသားတွေရေးထားတဲ့ ဆိုင်းဘုတ်တွေကို ရွာဝင်ပေါက် ၄ နေရာနှင့် ကင်းတဲရှေ့တွေမှာ စိုက်ထူခဲ့ကြတာပါ။

ဆည်တည်းရွာအပြင် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးမယူထားတဲ့ တောင်သူအများစု ရှိရာ မိုးကြိုးပြင်၊ တုံ စတဲ့ကျေးရွာတွေမှာလည်း စိုက်ထူသွားမယ်လို့ သိရပါတယ်။ ဆည်တည်းကျေးရွာမှာတော့ ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းက ဒီနေ့ထိတိုင် ဖွင့်ထားဆဲဖြစ်ပါတယ်။ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ကို လိုက်နာမှုမရှိတာ၊ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အထွေထွေနစ်နာမှုတွေကို ကုမ္ပဏီက မဖြေရှင်းပေးသေးတာကြောင့် ဒေသခံတွေကတော့ ပုံစံအမျိုးမျိုးနဲ့ စီမံကိန်း စတင်ကတည်းက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013