DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးဖိုရမ်တွင် မိခင်များအတွက် ကလေးထိန်း ဝန်ဆောင်မှုပေးထား
DVB
·
September 20, 2017
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်မှာ တက်ရောက်လာတဲ့ မိခင်တွေအတွက် ကလေးထိန်း ဝန်ဆောင်မှုပေးထားပါတယ်။

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်ခန်းမမှာ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပနေတာဖြစ်ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ကလေးငယ်ရှိတဲ့ မိခင်အမျိုးသမီးတွေအနေနဲ့  ဖိုရမ်မှာ အားစိုက်ပါဝင် ဆွေးနွေးနိုင်ဖို့အတွက် ကျင်းပရေးကော်မတီက ကလေးထိန်း ဝန်ဆောင်မှုကို ပေးထားတာပါ။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်  အတွင်းရေးမှူး လွေးပိုးငယ်က “အမျိုးသမီးတွေ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးမှာပဲ ဖြစ်ဖြစ် ပါဝင်ဖို့ဆိုရင်တော့ ပထမဆုံး စဉ်းစားပေးရမှာက အမျိုးသမီးတွေမှာ လိုအပ်နေတဲ့ အချက်တွေပဲ ဖြစ်တယ်။ ဥပမာ ကလေးထိန်းဆိုရင်လည်း ကလေးထိန်း လိုအပ်ချက်ကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါမှ နောက်ဆံမတင်းဘဲ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မယ်” လို့ ပြောပါတယ်။

အမျိုးသမီးတွေအနေနဲ့ အရေအတွက်တင်မက အရည်အချင်းနဲ့ပါ ပါဝင်လာနိုင်ဖို့ အခုလို စီစဉ်ထားတာပါလို့လည်း သူက ဆက်ပြောပါတယ်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက “သားသည်မိခင်ရှိတဲ့ ရာခိုင်နှုန်းအလိုက်ပေါ့လေ။ စက်ရုံ အလုပ်ရုံတွေမှာ ကလေးတွေကို ပြုစု စောင့်ရှောက်ပေးရမယ့် ဆရာမတွေ ထားပေးရမယ်။ အာဟာရတွေ ကျွေးပေးရမယ်။ အဲဒီအဆင့်အထိ မျှော်မှန်းပြီးတော့ ကျနော်တို့ အခုလုပ်နေတာ” လို့ ပြောပါတယ်။

အရပ်သားအစိုးရလက်မှာ အမျိုးသမီးများ ကဏ္ဍအလိုက် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးကို တစတစ ဖြည့်ဆည်းလာနိုင်ပေမယ့် ပါဝင်လာတဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေဟာ လူမှုအသိုင်းအဝိုင်းမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒီအတွက် အမျိုးသမီးတွေဟာ ကဏ္ဍအလိုက် စွမ်းရည်ပြည့်ဝမှုကို ပြသဖို့ လိုအပ်နေသလို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရဌာနတွေကလည်း သားသည်မိခင် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေမှာ အာရုံစိုက် ပါဝင်နိုင်စေဖို့ ကလေးတွေအတွက် သီးသန့် နေရာတွေ စီစဉ်ပေးဖို့ အမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013