DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 20, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဆန် / ဧည့်မထ ၂၅ မတ်
ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဈေးကွက် ဖော်ပြချက်တွေအရ ပြည်ပ တင်ပို့တဲ့ ဆန်ကြမ်း အမျိုးအစားဖြစ်တဲ့ ဧည့်မထ ၂၅ မတ်တန် ဆန်ဟာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ၂၀,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၁,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

နွေသီးထပ်ဆန်
နောက်ထပ် ဆန်ကြမ်း အမျိုးအစားတခုဖြစ်တဲ့ နွေသီးထပ်ဆန်ကတော့ ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၂၂,၅၀၀ ကျပ် ကနေ ငွေကျပ် ၂၂,၈၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

မတ်ပဲ(FAQ/RC)
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲဈေးတွေကတော့ အကျဘက်မှာပဲ ဆက်ရှိနေပြီး ဒီနေ့မှာလည်း ၁ တန်ကို ၇,၀၀၀ ကျပ် ဈေးထပ်ကျသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၅၆၀,၀၀၀ ဖြစ်ပါတယ်။

ပဲစင်းငုံနီ (RC)
ပဲစင်းငုံနီ (RC) ကလည်း ပဲ ၁ တန်ကို ၁၀,၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၄၂၂,၀၀၀ ဖြစ်ပါတယ်။

ကုလားပဲခြမ်း
ပြည်တွင်း စားသုံးတဲ့ ပဲတမျိုးဖြစ်တဲ့ ကုလားပဲခြမ်းကတော့ ဒီနေ့ပေါက်ဈေး ၁ ပိဿာကို ငွေကျပ် ၃,၃၀၀ အထိ တက်လာပါတယ်။ မနေ့ကထက် ၁ ပိဿာကို ၅၀၀ ကျပ်ထိ ဈေးနှုန်း မြင့်တက်သွားတာလည်း ဖြစ်ပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ ဈေးတွေကတော့ မနေ့က ဈေးထပ်တက်မလာပေမယ့် ဈေးကွက် အတက်ဘက်မှာပဲ ရှိနေပါသေးတယ်။ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၂,၀၇၅ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(တောင်ကြီး၊ အောင်ပန်း) ဈေးနှုန်းတွေကတော့ ၁ ပိဿာကို ငွေကျပ် ၃,၆၀၀ အမြင့်ဆုံးဈေးရှိပြီး မနေ့ကထက် ၁၀၀ ကျပ် ဈေးကျသွားပါတယ်။

နှမ်းညို
မန္တလေး ကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးတွေအရတော့ နှမ်းညိုဈေးနှုန်းတွေ ခုန်တက်သွားတာကို တွေ့ရပါတယ်။ ၄၅ ပိဿာဈင် နှမ်းညို ၁ အိတ်ကို ငွေကျပ် ၅,၀၀၀ ဝန်းကျင် ဈေးတက်လာ ပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ တစ် အိတ်ကို ၈၈,၀၀၀ ကနေ ၉၂,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013