DVB Logo
Home
မြန်မာသတင်း
ပေါက်ကွဲအား ပြင်းထန်သော ဗြောက်အိုးများ ရောင်းချမှု အရေးယူပေးစေလို
DVB
·
September 20, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ထဲမှာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗြောက်အိုးတွေကို သီတင်းကျွတ်ကာလမတိုင်မီ ရောင်းချသုံးစွဲနေတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့  အရေးယူစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကညွှတ်ကွင်းမြို့မှာ နေထိုင်တဲ့ ဦးသိန်းမြင့်က “အခု ဖောက်နေကြတာက သီတင်းကျွတ်လည်း မရောက်သေးဘူး။ ပြီးတော့ ဗြောက်တွေကလည်း ဖောက်လိုက်ရင် ဗုံးပေါက်သလားထင်ရတယ်။ မြေပါ တုန်သွားတယ်။ အဲဒါတွေကို ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်နေပြီ။ ပြီးတော့ ခေတ်ကာလကလည်း သိတဲ့အတိုင်းပဲလေ။ တော်ကြာ ဗြောက်လား ဗုံးလား မသိဘဲ ဖြစ်သွားနိုင်တယ်။ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြောတာပါ”လို့  ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကညွှတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက “ကျနော်တို့ကို မြို့နယ်ကလည်း စာထုတ်ထားပါပြီ။ ကျနော်တို့ ထပ်ပြီးကြေညာမယ်။ မြို့ထဲကို စက်နဲ့လှည့်ပြီး အော်မှာပါ။ အဲဒီလို ကြေညာပြီးရင်တော့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်ပြီးလုပ်သွားမှာပါ”လို့ ပြောပါတယ်။

လက်ရှိ ဖြူးမြို့နယ်ထဲမှာ အသုံးပြုနေတဲ့ ဗြောက်အိုးတွေဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး အသံလွန်စွာ ကျယ်လောင်သလို သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013