DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ရေကြီးမှုကြောင့် လူပေါင်း ၃၀၀၀ လောက် ရွှေ့ပြောင်းနေကြရ
DVB
·
September 20, 2017
ကလေးမြို့တွင် ရေကြီးမှုကြောင့် လူပေါင်း ၃၀၀၀ လောက် ရွှေ့ပြောင်းနေကြရ
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်ဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ရက်တွေက မိုးများပြီး ရေကြီးနေတာကြောင့် လမ်းတံတားတွေ ပျက်စီးသွားကာ သဘောဝဘေးကြောင့်  ရွှေ့ပြောင်းနေရသူ ၃၀၀၀ လောက်ရှိနေပါတယ်။

မနေ့ကတည်းက နန်းကသဲချောင်း (မဏိပူရမြစ်)နဲ့ မြစ်သာမြစ်ရေမြင့်တက်နေတာဖြစ်ပြီး ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၇ ခုလောက် ရေကြီးနစ်မြုပ်နေတာလို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူး ဦးဝီလီဖရန့်ကပြောပါတယ်။

“လတ်တလောမှာတော့ ရပ်ကွက်နဲ့ ကျေးရွာတွေက ပြောင်းရွှေ့လာရသူ ၂၈၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခုရှိပါတယ်။ တပတ်စာ ဆန်ဖိုးထောက်ပံ့နေပါတယ်။ ကလေးကွန်ပြူတာတက္ကသိုလ်မှာ ပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အတွက်ကတော့ စားသောက်စရာတွေ သွားပို့ဖို့ စီစဉ်နေပါတယ်။ ကျနော်ကိုယ်တိုင် မနက်ဖြန် ကလေးကိုသွားပြီး ဘာတွေလိုအပ်ချက်ရှိလဲ သွားကြည့်မယ်။ လိုအပ်တာတွေ ဆက်ထောက်ပံ့မှာပါ” လို့ ပြောပါတယ်။

မြစ်သာမြစ်ရေဟာ ဒီနေ့မနက်မှာ စိုးရိမ်ရေမှတ်ထက် စင်တင်မီတာ ၁၀၀ ကျော်ပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဘိုဘိုထွန်းက “ကလေးမြို့ နတ်တံခါးတံတား ဒီမနက်က ပြတ်သွားတယ်။ မနေ့ကတော့ အောင်မြင်သာတံတားပျက်တယ်။ တမူးဘက်ကိုသွားတဲ့ လမ်းပိတ်သွားပြီ။ ခုတော့ နေပွင့်ပြီး မိုးလည်းမရွာဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ကနေ ကလေးဝမြို့ကိုလည်း သွားလာလို့မရတော့သလို ဂန့်ဂေါဘက်ကို သွားမယ်ဆိုရင်လည်း ရေကျော်လမ်းတွေ ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013