DVB Logo
Home
Lead Story
နိုင်ငံတကာမျက်နှာစာပေါ်က ရခိုင်အရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
September 20, 2017
နိုင်ငံတကာမျက်နှာစာပေါ်က ရခိုင်အရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ သြဂုတ် ၂၅ ရက်ကနေပြီးတော့ ရခိုင်မှာ စဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ၃ ပတ်လောက်အတွင်းမှာ ဒုက္ခသည် ၃ သိန်း ၇ သောင်းလောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီလိုပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ လက်ရှိလုပ်နေတဲ့ စစ်ဆင်ရေးတွေ ရပ်ပေးဖို့၊ လူသားချင်းစာနာမှုတွေ၊ အကူအညီတွေ ပေးနိုင်ဖို့၊ ကိုဖီအာနန် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပေးဖို့တွေ ပါပါတယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာတွေမှာတော့ ဆိုးဆိုးဝါးဝါး ဖော်ပြမှုတွေ ရှိနေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ၊ စာရေးဆရာ ဦးမောင်မောင်စိုးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာ့ကိုပဲ စမေးပါရစေ။ အခုလက်ရှိ အခြေအနေပေါ့နော်။ မြန်မာပြည်ရဲ့ အခြေအနေဟာ ဒီလောက်ကြီး ဆိုးဆိုးဝါးဝါး အဆက်ဆံခံနေရတဲ့ မွတ်ဆလင် လူနည်းစုတွေ၊ ကွန်မြူနတီတွေ။ အဲဒါနဲ့ပတ်သက်လို့ မြေပြင်အခြေအနေတွေ ဘယ်လိုအခြေအနေရှိလဲ။ တကယ်ရော လက်ရှိဖြစ်နေတာတွေနဲ့ ကိုက်ညီရဲ့လား။ ဆရာ သုံးသပ်ဆွေးနွေးပေးပါ။”

ဦးမောင်မောင်စိုး (တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ၊ စာရေးဆရာ)

“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင် လူနည်းစုပြဿနာလို့ ခေါင်းစီးတပ်တာ ယေဘုယျအားဖြင့်တော့ ကျနော်တို့က လက်ခံလို့ရပါတယ်။ ၂၀၁၂ ကစပြီး မှတ်ပုံတင်မရှိဘူး၊ နယ်မြေသွားလာခွင့် မရှိဘူး။ ဒီလို ကန့်သတ်ခံရတော့ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့က ဦးစွာ အသိအမှတ်ပြုတယ်။ မောင်တောဒေသကို ပြန်ကြည့်မယ်ဆိုရင် ဒီဒေသရဲ့ ထူးခြားချက်အရ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွေမှာ အများစုက ဘင်္ဂါလီတွေပါ။ လူဦးရေအရပြောရင် ဘင်္ဂါလီလူဦးရေက မောင်တောခရိုင်ထဲမှာ ၇ သိန်းခွဲလောက် ရှိပြီးတော့ အနည်းစုက ရခိုင်တိုင်းရင်းသားတွေ။ ဒီပြဿနာကို ကြည့်ရင် တခုလုံးလည်း ကြည့်ဖို့လိုသလို တစိတ်တပိုင်းလည်း ခွဲကြည့်ဖို့လိုတယ်။ အခုဖြစ်နေတဲ့ ပြဿနာကျတော့ မောင်တောဒေသမှာ ဖြစ်တယ်။ မောင်တောဒေသမှာ ဖြစ်တဲ့အခါကျတော့ အနည်းစု ရခိုင်တိုင်းရင်းသားတွေက အများစု ဘင်္ဂါလီတွေကို ရန်စလို့ မရဘူး။ သွားပြီး တိုက်ခိုက်လို့ မရဘူး။ ဟိုဘက်က တိုက်ခိုက်လာရင် ပြေးရတာ။ တခုလုံးအရဆိုရင် ဘင်္ဂါလီတွေရဲ့ ပြဿနာက ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာဖြစ်ဖြစ် လူနည်းစုဖြစ်တယ်။ ဒီလူတွေ ပြဿနာ ဖြေရှင်းရမှာ ဘက်တဘက် ဖြစ်သလို မောင်တောမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်တယ်ဆိုတဲ့ဘက်ကိုလည်း ကြည့်ဖို့လိုတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“လက်ရှိ နိုင်ငံတကာမှာ ပြောနေတဲ့ မြန်မာပြည်ရဲ့ ရခိုင်ပဋိပက္ခ အခုဆိုရင် ကုလသမဂ္ဂက General Assembly မှာရော နိုင်ငံတကာရဲ့ စိုးရိမ်မှုကို နိုင်ငံတကာ မီဒီယာမှာရော ဖော်ပြနေတယ်ပေါ့။ အဲဒါတွေကရော တကယ် လက်ရှိ မြေပြင်အနေအထားတွေနဲ့ ကိုက်ညီရဲ့လား။ အဲဒီအတွက် ဘာတွေလုပ်ဖို့လိုလဲ၊ ဆရာ ဖြည့်စွက် ဆွေးနွေးပေးပါဦး။”

ဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

“ကျနော် မြင်တာကတော့ သြဂုတ်လ ၂၅ ရက်နေ့ပေါ့။ ဒီမတိုင်မီလေးမှာ ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာတယ်။ ချက်ချင်းဆိုသလိုပဲ ဒီပြဿနာကြီးက ဖြစ်လာတယ်။ အားလုံးသိတဲ့အတိုင်းပဲ အာဆာ (ARSA) အနေနဲ့ ရဲကင်းစခန်း ၃၀ ကို ဝင်စီးပြီးတော့ ဒီပြဿနာကြီးက ကြီးထွားလာတယ်။ ကျနောမြင်တာကတော့ ဒါ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ကျနော်နားလည်တယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိပါဘူး။ ဒါက တမင်တကာ အစီအစဉ်ချပြီးတော့ ဒီပြဿနာတွေ ဖြစ်လာအောင် ဖန်တီးတယ်ပေါ့၊ ဖန်တီးတယ်ဆိုတဲ့ကိစ္စမှာ နိုင်ငံရေးတောကြောင်တွေရဲ့ အကြိုက်လည်း ဖြစ်တယ်။ နောက်တခု ကျေနာ် ပြောချင်တာက ခွဲခြားပြီးတော့ မြင်စေချင်တယ်လေ။ Terrorism ကို Terrorism မြင်စေချင်တယ်။ ဘာအပြစ်မှမရှိတဲ့ ပြည်သူတွေကို ဘာအပြစ်မှ မရှိတဲ့ ပြည်သူတွေလို့ မြင်စေချင်တယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့အခါမှာ သူတို့မှာ ဒေါသထွက်ပိုင်ခွင့် ရှိတယ်။ သူတို့ရဲ့အခွင့်အရေးကို သူတို့ တောင်းဆိုပိုင်ခွင့်ရှိတယ်။ အဲဒါကို ကျနော် မပြောဘူး။ ပြောနေတာက အပြစ်မရှိတဲ့လူတွေကို ချနင်းပြီးတဲ့အခါမှ လူလည်ကျချင်တဲ့ နိုင်ငံရေးအင်အားစု တစုပေါ့ဗျာ။ အာဆာကိုလည်း အဲဒီအတိုင်းပဲ ကျနော်စွပ်စွဲချင်တယ်။ ဒဲ့ပဲ ကျနော် ပြောချင်တာ။ Terrorism အဖွဲ့အစည်း ကျနော် လက်မခံဘူး။ တချို့က ပြောကြတယ်။ ဒီမှာ Terrorism မရှိဘူး။ Terroists မဟုတ်ဘူးပေါ့ဗျာ။ Revolution လုပ်တာဖြစ်တယ်လို့ ပြောကြတယ်။ Revolution အင်္ဂါရပ်နဲ့ မညီဘူးဗျ။ Revolution ဆိုတာက ကိုယ့်ရဲ့ဒေသခံ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းဗျ။ Terrorism က ချနင်းတာ။ အခုက ချနင်းတာလို့ ကျနော် မြင်တယ်။ ဒါကြောင့် အာဆာရဲ့ လုပ်ရပ်ကို ကျနော် ရှုတ်ချတယ်။ ဒီကိစ္စက တမင်တကာကို ဆွဲသွင်းသွားပြီးတော့ နိုင်ငံတကာရဲ့အမြင်မှာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲမှုတွေ၊ လုပ်ကြံသတင်းဖြန့်မှုတွေကို တွေ့ရတယ်။ နှစ်ဖက်လုံးမှာ ရှိတယ်။ ဒီ Terrorism ရဲ့ အခြေအနေတွေကို ကျနော်တို့ သတိပြုရမှာ ဖြစ်သလို ဒီ Terrorism နဲ့ အပြစ်မဲ့ အရပ်သားတွေအပေါ်မှာ Terrorism ဗန်းပြပြီးတော့ ဖိနှိပ်တာမျိုးလည်း မဖြစ်နိုင်ပါဘူး။ အခုပုံစံကတော့ ၃ သိန်း ၇ သောင်း ဟိုဘက်ကို ရောက်သွားတယ် ဆိုတာကြီးကတော့ ကျနော်မြင်တာက လိုအပ်တဲ့အင်အားထက် ပိုပြီးတော့ ဖြေရှင်းတယ်လို့ ယူဆတယ်။ Terrorism ကို နှိမ်နင်းတာ ကျနော် သဘောတူတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013