DVB Logo
Home
မြန်မာသတင်း
သာစည်-လွိုင်ကော်ရထားလမ်းတွင် အမျိုးသား ၁ ဦး ရထားကြိတ်၍သေဆုံး
DVB
·
September 20, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ရွာအရှေ့ဘက် သာစည်-လွိုင်ကော် ရထားလမ်း မိုင်တိုင် ၃၅/၂နှင့်၃ အကြား အချက်ပြအလံတိုင်အနီး စက်တင်ဘာလ ၁၉ ရက် မနက် ၅ နာရီမှာ စိတ်မူမမှန်သူ အမျိုးသား ၁ ဦး ရထားကြိတ်ပြီး လည်ပင်းပြတ် သေဆုံးခဲ့ပါတယ်။

“ယင်းမာပင်ဘူတာမှ ထွက်ခွာလာတဲ့ သာစည်-လွိုင်ကော်အဆန်မီးရထား အမှတ် ၁၄၇ ဟာ ယင်းမာပင်ရွာအရှေ့ဘက် ၁ဖာလုံ အကွာမှာ အင်္ကျီမပါဘဲ ရထားသံလမ်းပေါ် မှောက်လျက်ရှိနေသူကို ကြိတ်မိတာဖြစ်ပါတယ်။ ယင်းမာပင်ရွာ မြို့မကွက်သစ်ရပ်မှာနေတဲ့ အသက် ၂၂ နှစ်ရှိသူ မောင်ထက် ဖြစ်တယ်။ စိတ်မူမမှန်သူတဦးဖြစ်ပြီး ကြုံရာစား တွေ့ရာ အိပ်တတ်တယ်ဆိုတာ ဒေသခံတွေဆီက စုံစမ်းသိရတယ်”လို့ ယင်းမာပင်ရဲစခန်းက ပြောပါတယ်။

ရဲအုပ်ကျော်မြင့်စိန်က "သတင်းရရချင်း ရဲတပ်ဖွဲ့ဝင်တွေ ယင်းမာပင်ပရဟိတအဖွဲ့တွေ မီးသတ်တပ်ဖွဲ့တွေနဲ့အတူ သွားခဲ့တယ်။ မောင်ထက်က စိတ်မူမမှန်သူပါ ရထားလမ်း ခေါင်းအုံးပြီး အိပ်ပျော်သွားတာဖြစ်မယ်။ ခေါင်းပြတ်သွားတယ်။ ယင်းမာပင်တိုက်နယ်ဆေးရုံကို ပရဟိတကားနဲ့ ပို့ ပေးရတယ်"လို့ပြောပါတယ်။

သာစည်မြို့နယ် ယင်းမာပင်ရွာရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013