DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ဘားအံမြို့တွင် ကျင်းပ
DVB
·
September 19, 2017
Donate to DVB

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နဲ့ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) တို့ ပူးပေါင်းပြီး စက်တင်ဘာ ၁၉ ရက်နေ့ မနက်က  ကရင်ပြည်နယ် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ကျင်းပနေပါတယ်။

အနာဂတ်မြန်မာပြည်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အမျိုးသမီးတွေရဲ့အင်အားနဲ့ အမျိုးသမီးရေးလှုပ်ရှားမှု ပိုမိုခိုင်မာလာစေဖို့၊ အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ် ရေးဆွဲနိုင်ဖို့အတွက် စည်းရုံးလှုံ့ဆော်ဖို့ ဖိုရမ်ကို ရည်ရွယ်ကျင်းပတာပါ။

ဒါ့အပြင် ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးအတွက် စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ တိုက်တွန်းနှိုးဆော်သွားမယ်လိုလည်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပမယ့် ဒီဖိုရမ်မှာ မြန်မာနိုင်ငံတဝန်းက အမျိုးသမီးအဖွဲ့အစည်းတွေ၊  အခြားသော လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရဌာန အသီးသီးတို့အပါအဝင် ကဏ္ဍပေါင်းစုံမှာ တက်ကြွလှုပ်ရှားနေတဲ့ ခေါင်းဆောင်အမျိုး သမီး  စုစုပေါင်း ၃၀၀ ဦးကျော် ပါဝင်တက်ရောက်ကြပါတယ်။

ငြိမ်းချမ်းရေးတွက် အမျိုးသမီးများဖိုရမ်ကို ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ၂၀၁၅ ခုနှစ်က ဖိုရမ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ယခုပွဲအပါအဝင် ၄ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013