DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းအပေါ် အမြင်များ
DVB
·
September 19, 2017
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းအပေါ် အမြင်များ
Donate to DVB

 

သတင်းစာဆရာ ဦးဇင်လင်း BNI

“မိန့်ခွန်းတခုလုံးကို ခြုံပြီးပြောရရင်တော့ တကမ္ဘာလုံးက မခိုင်လုံတဲ့ အချက်အလက်တွေနဲ့ မြန်မာနိုင်ငံအပေါ် ထိုးနှက်တိုက်ခိုက်နေတာ၊ ဒီအချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂအပါအဝင် သံတမန်လောကက ဖိအားပေးနေတာ၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က Challenge လုပ် (စိန်ခေါ်လိုက်) တဲ့ သဘောပါပဲ။ စိန်ခေါ်တယ်ဆို တာက ဒီပြဿနာတွေကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ရှင်းနိုင်တဲ့ အခြေအနေရှိတယ်၊ အချက်အလက်တွေ ရှိတယ်ဆိုတာ ထုတ်ပြလိုက်တာပဲ။”

“ပြောတာတွေထဲမှာတော့ ဘယ်သူ့ကိုမှ ထိခိုက်တာ၊ ပုတ်ခတ်တာတွေ မပါဘူး။ ပြောရရင်တော့ ဒါဟာ သံခင်း တမန်ခင်းဆိုင်ရာ မိန့်ခွန်းလို့ ပြောလို့ရပါတယ်။ သူပြောတဲ့ စကားဟာ ကုလသမဂ္ဂ ဗီတို အာဏာပိုင်တဲ့ နိုင်ငံကြီးတွေ အပါအဝင် အိမ်နီးချင်းမှာ အရေးကြီးတဲ့ နိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်တယ်။ အာဆီယံနိုင်ငံတွေကလည်းပဲ သူနဲ့အတူရပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

သတင်းစာဆရာ ဦးစည်သူအောင်မြင့်

“ဒီလိုမိန့်ခွန်းပြောရုံနဲ့ နိုင်ငံတကာက အခုဖိအားပေးနေတာတွေ လျော့သွားမယ်လို့တော့ ပြောမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက တောင်းဆိုတဲ့ကိစ္စတွေက လက်တွေ့လုပ်ပြမှပဲ ရမယ်လေ။ လုပ်ပြရမယ်ဆိုတာက ဒုက္ခသည်တွေ ကိစ္စပေါ့။ ဒါကို ကောင်းကောင်းမွန်မွန် ပြန်ကိုင်တွယ်ပြဖို့ လိုတယ်။”

“(မိန့်ခွန်းမှာကတော့) သူလုပ်ချင်တာကို သူပြောတာလေ။ သူ့မိန့်ခွန်းထဲမှာပါတဲ့ သတင်းထောက်တွေကို ပြတယ်ဆိုတာက တဖက်ခြမ်းလောက်ကိုပဲပြတာ။ ကန့်သတ်တဲ့ အနေအထားလောက်ကိုပဲ ပြတာရှိတယ်။ အခုဆိုရင် နိုင်ငံခြား သတင်းဌာနတွေက အဲဒီဒေသကို သွားဖို့ မပြောနဲ့။ ဘူးသီးတောင်တောင်ပဲ သွားဖို့မလွယ်ဘူး။ နောက်ပြီးတော့ ရှေ့ရက်ပိုင်းတွေမှာ ဆိုရင် ဂျာမန်သတင်းဌာနတခုက စစ်တွေမှာ ရန်ပြုခံရတာရှိတယ်။ ဆိုတော့ ဒီလိုမျိုးတွေ သူသိပုံမရဘူး။ သတင်းထောက်အဖွဲ့တွေသွားတာ ခုဆိုရင် လေး၊ ငါး၊ ခြောက်ခေါက်လောက် ရှိပြီပေါ့လေ။ ကိုဖီအာနန်အကြံပေးချက်အပေါ်မှာ မူတည်ပြီးမှ လွှတ်တာ။ ဒါပေမယ့် တကယ့် လက်တွေ့မှာကတော့ ကောင်းကောင်းမွန်မွန် သတင်းယူဖို့ဟာ ကျတော့ ဖြစ်မလာသေးဘူး။ ဆိုတော့ သူပြောတဲ့ဥစ္စာ တချို့ဟာတွေကတော့ လက်တွေ့နဲ့ သိပ် ကိုက်ညီမှု မရှိဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013