DVB Logo
Home
မြန်မာသတင်း
“ကမ္ဘာက ပြောင်းပြန်မြင်တယ်”- ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်း (ရုပ်သံ)
DVB
·
September 19, 2017
“ကမ္ဘာက ပြောင်းပြန်မြင်တယ်”- ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်း (ရုပ်သံ)
Donate to DVB


မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ မှားယွင်းတဲ့အကြောင်းနဲ့ ကမ္ဘာက ပြောင်းပြန်မြင်နေတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ဒီကနေ့ နေပြည်တော်မှာ မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားအပြီးမှာ ကာကွယ်ရေးဝန်ကြီးက မီဒီယာတွေကို ပြောသွားတာပါ။

ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်းက “အဲဒါကြီးကတော့ အမှားကြီးပါပဲ။ မီဒီယာတွေမှာ ကျနော်တို့နိုင်ငံရဲ့ မီဒီယာ ထိုးဖောက်နိုင်တာ အားနည်းပါတယ်။ ဒီမွတ်စလင်အသိုင်းအဝန်းပေါ့၊ သူတို့ဘက်ကကျတော့ ကမ္ဘာမှာ မီဒီယာ အားကောင်းပါတယ်။ အားကောင်းတဲ့အခါကျတော့ သူတို့ပြောတာက ပိုပြီးတော့ ပေါက်ပါတယ်။ ပြောရရင်တော့ ARSA က ဇာတ်လမ်းဆင်တာပါ။ ဇာတ်လမ်းဆင်ပြီးတော့ သူတို့က စလည်းလုပ်တယ်၊ ပြီးတဲ့အခါကျတော့ ထွက်ပြေးတယ်။ ပြီးတော့ သူတို့ကပြောတဲ့အခါကျတော့ သူတို့ စကားပေါက်တဲ့ အခါကျတော့ ကမ္ဘာက ဘယ်လိုထင်လဲဆိုတော့ သူတို့အပေါ်မှာ သနားတယ်၊ အမှန်မှာ သူတို့သတ်ဖြတ်သွားတဲ့ မြိုတွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေ သူတို့ကိုကျတော့ တကယ်အသတ်ခံရတဲ့ လူတွေကိုကျတော့ မသိဘူး။ Ethnic Cleansing လုပ်ခံရတာ ကျနော်တို့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ အဲဒါကို သူတို့က  ပြောင်းပြန်ပြောတဲ့အခါကတော့ ကမ္ဘာက ပြောင်းပြန်မြင်တယ်။ အဲဒါပါပဲ။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းနိုင်ငံတခုဖြစ်တယ်၊ အစိုးရက လုပ်ဆောင်ချက်ကို မှန်မှန်ကန်ကန်လုပ်နေတဲ့အတွက် တကယ်နားလည်တဲ့သူတွေက မြန်မာနိုင်ငံဘက်က ရပ်တည်မယ်လို့ မြင်တဲ့အကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီး ကုလသမဂ္ဂ အရာရှိတွေကရော နိုင်ငံတကာမီဒီယာတွေမှာပါ စွပ်စွဲရေးသား ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ရုပ်သံ - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013