DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်ကယ် ၂ စီး တိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
September 19, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၃၅၈/၁ နဲ့ ၂ အကြား ဝမ်းတွင်းမြို့မြောက်ဂိတ် စက်တင်ဘာလ ၁၈ ရက် နေ့လယ် ၁ နာရီက ဆိုင်ကယ် ၂ စီး တိုက်မိရာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့ မြောက်ဂိတ် တံတားဦး ဘုန်းတော်ကြီးကျောင်းရှေ့မှာ တောင်မှ မြောက်ကို မောင်းလာတဲ့ ညီနောင်ကွက်သစ်နေသူ ကိုနေဝင်း စီးလာတဲ့ဆိုင်ကယ်က လမ်းအရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းကို ချိုးကွေ့ပြီး တဖက်ယာဉ်ကြောကို ရောက်ရှိပြီး မြောက်မှ တောင်ကို လုပ်သားရပ်ကွက်မှာနေသူ သိန်းထူးအောင် မောင်းလာတဲ့ ဆိုင်ကယ်နဲ့ ဝင်ရောက်တိုက်မိကြပါတယ်။ အခင်းဖြစ်နေရာမှာပဲ ကိုနေဝင်း သေဆုံးသွားပြီး သိန်ထူးအောင် ဒဏ်ရာရရခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်အောင်ကိုကိုက “ယာဉ်တိုက်မှုတွေမှာ လမ်းမှားသူကိုသာ အရေးယူအမှုဖွင့်ပါတယ်။ ဟိုတုန်းလို မဟုတ်ပါဘူး။ နာတာတွေ သာတာတွေ မရှိဖူး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ဥပဒေအတိုင်းပဲ အရေးယူပါတယ်။ အခုဆိုင်ကယ်တိုက်မှုမှာ ၂ ဦးလုံး ဦးထုပ်မပါကြပါဘူး။ ကိုနေဝင်း ဦးခေါင်းညာဘက်ခြမ်း ဒဏ်ရာရတယ်။ နေရာတင် သေဆုံးတယ်။ သိန်းထူးအောင် ဘယ်ဘက် လက်ကောက်ဝတ်နဲ့ ရင်ဘတ် ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းတွင် တဖက်ယာဉ်ကြောကို ကွေ့ချသူ ကိုနေဝင်းကို ယာဉ်မဆင်မခြင် မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၃၃၇ နဲ့ ယာဉ်(ပ)၂၈/၂၀၁၇ တို့နဲ့ အမှုဖွင့်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013