DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသခံပြည်သူများ စုပေါင်းကြည့်ရှု (ဓာတ်ပုံ)
DVB
·
September 19, 2017
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသခံပြည်သူများ စုပေါင်းကြည့်ရှု (ဓာတ်ပုံ)
1 / 34
Donate to DVB

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC2) မှာ စက်တင်ဘာ ၁၉ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မြိတ်နဲ့ ပုသိမ်မြို့က ပြည်သူတွေက ဒီနေ့မနက် ၁၀ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတိုက်ရိုက် ထုတ်လွှင့်ချက်ကို စုပေါင်းကြည့်ရှု နားထောင်ခဲ့ကြပါတယ်။

မိန့်ခွန်းပြောကြားမှုကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ အပါအဝင် နိုင်ငံတကာက သံတမန် ၉၀ ဦးရေ ကျော် တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာက တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်းကို မြန်မာပြည်တ၀န်းက ပြည်သူတွေ အနေနဲ့လည်း ရုပ်သံလိုင်းတွေ အွန်လိုင်းပေါ်တွေနဲ့ ရေဒီယိုတွေကနေ ဖမ်းယူကြည့်ရှု ခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လူစည်ကားပြီး LED ဘုတ်တွေရှိတဲ့ နေရာတွေမှာ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ပြသခဲ့ပါတယ်။

ဓာတ်ပုံ- အောင်ကိုကိုလတ် (နေပြည်တော်)၊ အောင်ကိုလတ်၊ ကိုမင်းညို၊ သော်ဇင်မျိုး၊ အောင်အောင်နိုင်၊ သင်းသင်းနွယ်၊ မြတ်ထွဋ်(မြိတ်)၊ ခွန်ရာဇာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013