
တရားမဝင်ကုန်စည်တွေ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှာ သက်ဆိုင်ရာက ယာဉ်တားဆီးစစ်ဆေးရာမှ Gas အသုံးပြုခြောက်လုံးပြူး၊ ပစ္စတိုနှင့် ကျည်တောင့်တွေ ဖမ်းမိတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ထူးခြားဖမ်းဆီးမှု အနေနဲ့ စက်တင်ဘာ ၁၆ ရက် က ရန်ကုန်သို့သွားမယ့် ခရီးသည်တင် Zhong Tong အမျိုးအစားယာဉ်ကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာမှာ ရန်ကုန် အောင်ဆန်းကွင်း ကားဂိတ်သို့ ကိုဝဏ္ဏအမည်နဲ့ အမှတ်အသားရေးသားထားတဲ့ အဝါရောင်ကတ်ထူဘူး အတွင်းမှ ရှာဖွေတွေ့ရှိခဲ့တာပါ။
တွေ့ရှိခဲ့တဲ့ Gasအသုံးပြု ခြောက်လုံးပြူးသေနတ် လေးလက်၊ Gas အသုံးပြုတဲ့ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အတောင့် ၆ဝ နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဓာတ်ပုံ-MOI











