DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အကော်အထည်ဖော်ရေးကော်မတီ စစ်တွေရောက်ရှိ (ဓာတ်ပုံ)
DVB
·
September 18, 2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အကော်အထည်ဖော်ရေးကော်မတီ စစ်တွေရောက်ရှိ (ဓာတ်ပုံ)
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ ညနေ ၃ နာရီအချိန်မှာ လေကြောင်းနဲ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရရုံးမှာ ၀န်ကြီးချုပ် ဦးညီပုအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးမှုအပြီး ညနေပိုင်းမှာ ကျောက်တော်-IDP စခန်းတွေကိုသွားရောက်ပြီး မနက်ဖြန် ဘူးသီးတောင်၊ မောင်တောစတဲ့ နေရာတွေကိုတော့ ၂ ရက်တာသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ကျောက်တော်- မောင်တော- ဘူးသီးတောင်- စစ်တွေဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ရှိ ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို သမ္မတဦးထင်ကျော်က  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ခေါင်းဆောင်တဲ့ ၁၅ ဦးပါအဖွဲ့ကို စက်တင်ဘာ ၁၂ရက်က  ဖွဲ့စည်း တာဝန်ပေးထား တာဖြစ်ပါ တယ်။

သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013