DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုအတွင်း ကင်းမွန်မီးထွန်းစက်လှေတစီး နစ်မြုပ်
DVB
·
September 18, 2017
Donate to DVB

မြိတ်ကျွန်းစု ရေပြင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၁၇ ရက်နေ့က ကင်းမွန်မီးထွန်း စက်လှေတစီး နစ်မြုပ်ခဲ့ပါတယ်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ပင်ပန်းကျွန်းတောင်ဘက် တောင်ပြိုကျွန်းနဲ့ မရမ်းတောင်ကျွန်းကြားမှာ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က နစ်မြုပ်ခဲ့တယ်လို့ ကပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပရည်ကျွန်း ကျေးရွာနေ ဦးထွန်းစိုး ပိုင်ဆိုင်ပြီး အလျား ၃၂ ပေ၊ အနံ ၆ ပေ၊ စောက် ၅ ပေရှိ တရုတ်စက် ၁၀ ကောင် ၂ လုံး ဘေးချိတ် တပ်ဆင်ထားတဲ့ စက်လှေဖြစ်ပါတယ်။ လှေပေါ်မှာ စက်ဆရာ အပါအဝင် ရေလုပ်သား ၅ ဦး လိုက်ပါလာတယ်လို့ ကပကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကင်းမွန်မီးထွန်း စက်လှေက ကျောက်ချ ရပ်နားထားတဲ့အချိန်မှာ လှိုင်းကြီးလာပြီး လှေပဲ့ပိုင်းကို လိုင်း ၂ လုံး၊ ၃ လုံးလောက် ဝင်တိုက်တာကြောင့် စက်လှေ နစ်မြုပ်သွားခဲ့တယ်လို့ ဦးမြင့်လွင်က ပြောပါတယ်။

နစ်မြုပ်ခဲ့ချိန်မှာ စက်လှေပိုင်ရှင်က အချိန်မီ သွားရောက် ကူညီခဲ့ရာမှ ကင်းမွန်မီးထွန်း စက်လှေပေါ် ရေလုပ်သားတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ စက်လှေ နစ်မြုပ်သွားလို့ မဆယ်ယူနိုင်တဲ့ စက်လှေပါပစ္စည်း စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၁၀၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013