DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် မြေပြို၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
DVB
·
September 18, 2017
ချင်းပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် မြေပြို၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
1 / 4
Donate to DVB

စက်တင်ဘာ ၁၆ ရက်နေ့ ကစပြီး ရွာသွန်းခဲ့တဲ့ မိုးကြောင့် ချင်းပြည်နယ်လမ်းတွေ မြေပြိုနေပြီး လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

“ကလေးနဲ့ ဖလမ်းလမ်းပိုင်း ဗားလုံနှင့် လုံဘန်းကြားမှာ မနက်က မြေပြိုတယ်။ ဒါကြောင့် ပိတ်မိနေတယ်။ ဟားခါးမှာလည်း အိမ်အနီးမြေတွေပြိုလို့ စောင့်ကြည့်နေတယ်လို့ ပြောနေတယ်။ မိုးရွာရင် နှစ်တိုင်း ဒီလို လမ်းပျက်နေတာ ခရီးသွားတွေ ဒုက္ခရောက်ကြတယ်" လို့ ယာဉ်မောင် ချစ်ထွန်းက ဆိုပါတယ်။

ကလေး-ဖလမ်း လမ်းပိုင်း ဗားလုံနဲ့ လုံဘမ်းအကြား မိုင်တိုင် ၄၅ နဲ့ ၄၆ ကြား မြေပြိုမှုဟာ ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ကားဆယ်စီးလောက် စောင့်ဆိုင်းနေရပါတယ်။

ပိတ်ဆို့မှုကို ဖလမ်းမြို့နယ် လမ်းဦးစီးဌာနက အင်ဂျင်နီယာ ၂ ဦးကြီးကြပ်နေပြီး အမြန်ဆုံး မြေပြိုကျမှုကို ဖယ်ရှားနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တယ် ရိဒ်ခေါဒါ လမ်းပိုင်းလည်း ပျက်စီးနေတာကြောင့် ကားအချို့ပိတ်မိနေပြီး ကုန်သွယ်မှုလည်း ပြတ်တောက်နေပါတယ်။ ကလေးနယ် နတ်ချောင်းနဲ့ ဖလမ်း လမ်းပိုင်းသစ် ဝေဘူလလမ်းဘက်မှာလည်း ချောင်းကူးတံတားငယ်တစ်စင်းနဲ့ အနီးချောင်းရေ တိုက်စားမှုကြောင်း လမ်းသားမြေပြိုမှု ဖြစ်ပွားနေပြီး အဲဒီလမ်းပိုင်းကိုလည်း အသုံးပြုမှု ရပ်ထားတယ်။

“မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ပေါ်အချို့နေရာမှာ မြေသားပြိုမှုရှိနေပြီး ဟားခါးမြို့ ဈေးဟောင်း ရပ်ကွက် ဒါအိုချိမ်းလမ်း ပေါ်ရှိ လူနေအိမ် ၃ လုံးအနီးတွင် မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် မြို့နယ်ထွေအုပ်၊ စည်ပင်၊ မီးသတ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဒါအိုချိမ်းလမ်းကို ပြန်လည်ပြုပြင်နေတယ်၊ အိမ်သုံးအိမ်ကိုတော့ ဈေးဟောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယာယီပြောင်း ရွှေ့ပေးထားပါတယ်၊ လူအထိအခိုက်တော့ မရှိဘူး” လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီး စလိုင်းအိုက်ဇက်ခင် ကပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013