DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်း တိုက်ရိုက်နားထောင်ရန် မုံရွာမြို့၌ ပြင်ဆင်
DVB
·
September 18, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်း တိုက်ရိုက်နားထောင်ရန် မုံရွာမြို့၌ ပြင်ဆင်
1 / 6
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို မုံရွာမြို့ရှိပြည်သူတွေ တိုက်ရိုက် နားထောင်ကြည့်ရှုနိုင်ဖို့ ရည်ရွယ်ပြီး မုံရွာမြို့ခံ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေပူးပေါင်းကာ မုံရွာမြို့ နာရီစင်မှာ ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

ပြည်သူလူထုတွေ မိန့်ခွန်းစုပေါင်းနားထောင်နိုင်ဖို့ စီစဉ်သူတစ်ဦးက"အဓိကကတော့ ဒေါ်အောင်းဆန်းစုကြည်နဲ့ ပြည်သူတွေ တသားတည်းရှိတယ်ဆိုတာ သိစေချင်တယ်။ သူ့လုပ်လုပ်တွေကို ထောက်ခံတယ်။ အခြားပြည်သူတွေလည်း သိစေချင်လို့ လုပ်တာပါ"လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်မိန့်ခွန်းကို LED ဘုတ်နဲ့ တိုက်ရိုက်ပြသပေးမှာဖြစ်ပြီး We Stand with Daw Aung San Suu Kyi စာတန်းပါတဲ့ အင်္ကျီဆင်တူတွေကိုလည်း ဝတ်ဆင်ကြမှာပါ။

ဒီပွဲကိုလာတဲ့သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်တဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ပြုမူပြောဆိုတာတွေမလုပ်ဖို့ကိုလည်း ပန်ကြားထားတဲ့အပြင် နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုတဲ့ အလံ၊ ပိုစတာ၊ ဗွီနိုင်း၊ ဆိုင်းဘုတ်၊ အင်္ကျီတွေ မဝတ်ဆင်လာကြဖို့ကိုလည်း ပွဲစီစဉ်သူတွေက ကြိုတင်ကြေညာထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013