DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံမြန်မာဓာတ်ပုံသတင်းထောက်၂ဦးကိစ္စ ဆောင်ရွက်ပေးရန် မြန်မာသံရုံးကိုညွန်ကြား
DVB
·
September 18, 2017
ဖမ်းဆီးခံမြန်မာဓာတ်ပုံသတင်းထောက်၂ဦးကိစ္စ ဆောင်ရွက်ပေးရန် မြန်မာသံရုံးကိုညွန်ကြား
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  မြန်မာအလွတ်တန်း ဓာတ်ပုံ သတင်းထောက်နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ  ဆောင်ရွက်ပေးဖို့  ဒါကာမြို့ရှိ မြန်မာသံရုံးကို  ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဂျာမနီနိုင်ငံ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းအတွက် မြန်မာသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားမှာ သတင်းရယူနေစဉ် စက်တင်ဘာ ၇ ရက်နေ့က ရဲ့တပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

မြန်မာသတင်းထောက်နှစ်ဦးနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ တရားဝင်စာပေးပို့ပြီး ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရရှိဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့  တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါကာမြို့ရှိ မြန်မာသံရုံးကိုလည်း  မြန်မာသတင်းထောက်နှစ်ဦးအတွက် ကောင်စစ်ရေးရာတွေဆုံခွင့် အမြန်ဆုံးရရှိဖို့နဲ့ သွားရောက်တွေ့ဆုံမှု အမြန်ဆုံးပြုလုပ်နေပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေးအတွက် ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာသတင်းသမားနှစ်ဦးဟာ သတင်းသမားဗီဇာနဲ့မဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့ ဘင်္ဂလားဒေ့ရှ်ထဲဝင်ရောက်သွားခဲ့တာလို့ သတင်းတွေထွက်နေပြီး လက်ရှိ သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဘယ်လိုဥပဒေနဲ့ အရေးယူထားတယ်ဆိုတာတော့ အတိအကျမသိရ သေးပါဘူး။

မြန်မာသတင်းသမား ၂ဦးကို ရှေ့နေနဲ့ တွေ့ခွင့်ငြင်းပယ်ခံထားရပြီး အခြေအနေကို အလွန်စိုးရိမ်တယ်လို့ ဂျာမန် GEO မဂ္ဂဇင်း အယ်ဒီတာချုပ် ခရစ်စတိုဖာကွတ်ကလစ်က ပြောပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ရှေ့နေနဲ့ တွေ့ခွင့်ပေးဖို့ ကော့စ်ဘဇားနဲ့ ဒါကာမြို့က အာဏာပိုင်တွေကို တောင်းဆိုထားပြီး သူတို့တွေဟာ ကောင်းကောင်းဆက်ဆံခံရပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဘူးဆိုတာ သိဖို့လိုနေတယ်လို့ လည်းပြောပါတယ်။

Panos Picture ဗြိတိသျှဓာတ်ပုံအေဂျင်စီရဲ့ အဖွဲ့ဝင် ကိုမင်းဇေယျာဦးကို ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးသတင်းယူဖို့ GEO ဂျာမန်မဂ္ဂဇင်း တာဝန်ပေးထားတာဖြစ်ပြီး စက်တင်ဘာ ၆ ရက်နေ့က ခွန်လတ်နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာပါ။

ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားနှစ်ဦးကို အမြန်ဆုံးချွင်းချက်မရှိပြန်လွှတ်ပေးဖို့ PEN Myanmar  အဖွဲ့က တောင်းဆိုထားသလို  မြန်မာအစိုးရကိုလည်း ဒီကိစ္စ အမြန်ဆုံးကိုင်တွယ် ဖြေရှင်းပေးဖို့ ပန်ကြားထားပါတယ်။

ဓာတ်ပုံ-GEO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013