DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာအလုပ်သမားချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
DVB
·
September 18, 2017
မယ်ဆိုင်တွင် မြန်မာအလုပ်သမားချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
Donate to DVB

တာချီလိတ်မြို့တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာအလုပ်သမားချင်း ခိုက်ရန်ဖြစ်ပွား ဓားထိုးမှုဖြစ်ကာ အသက် ၂၀ ရွယ် လူငယ်တဦး သေဆုံးသွားတယ်လို့  မယ်ဆိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီလောက်က မယ်ဆိုင်မြို့ ၀ိန်းဖန်ခမ်းရပ်ကွက် ဆိုင်လုမ်းဂျွိုင်းဈေးအနီး လူတဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရကြောင်း သတင်းပေး ပို့ချက်အရ လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဈေးအရှေ့ကားလမ်းမကြီးပေါ်မှာ လိမ္မော်ရောင်တီရှပ်၊ ဘောင်းဘီကာကီရောင်ဝတ် လူရွယ်တ ဦး သွေးအိုင်ထဲလဲနေတာကို တွေ့ရှိတယ်လို့  မယ်ဆိုင်မြို့မရဲစခန်း တာဝန်ကျဒု ရဲအုပ် အမ်းနွေးပရိခုတ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါလူရွယ်မှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းဒဏ်ရာတွေ လည်ပင်းမှာ ၂ ချက်၊ ရင်ညွန့်မှာ ၁ ချက်၊ ပခုံးမှာ ၁ ချက် စတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ဖြစ်ကြောင်း၊ သက်သေခံကတ်ပြားအရ လူရွယ်ရဲ့အမည်မှာ  အားကျော် (အသက် ၂၀ နှစ်) ဖြစ်ပြီး မြန်မာနိုင်ငံက နယ်စပ်ဖြတ်လက်မှတ်နဲ့ ၀င်ရောက်လာသူဖြစ်ကာ စောင်ရောင်းတဲ့ဆိုင်က အလုပ်သမားတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

လူရွယ်ရဲ့အလောင်းမှ သွေးစက်ကျလာရာနောက်ကို  ရဲတွေက လိုက်လံစစ်ဆေးရာမှာ သွေးစက်တွေဟာ ထမ့်ဖာကျူမ်ရပ်ကွက်ရှိ အိမ်အမှတ် ၅၈ အငှားအိမ်ခန်းတစ်လုံးမှာ ဆုံးသွား ကြောင်း၊ အိမ်ရှေ့မှာ ကွဲနေတဲ့ အရက်ပုလင်းနဲ့ ပန်းအိုးဘေးမှာ သွေးစွန်းနေတဲ့ ဓားမြောင်တ ချောင်းကို တွေ့ရတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

တာဝန်ရှိသူတွေက အိမ်ထဲကို ၀င်လိုက်တဲ့အခါ အိမ်ခန်းထဲမှာ ပစ္စည်းတွေ ဖယိုဖရဲ၊ ရုန်းရင်း ဆန်ခတ်ဖြစ်ထားတဲ့ အနေအထားရှိပြီး ကြမ်းပြင်က သွေးစနဲ့ အရက်မူးနေတဲ့ လူငယ် ၂ ဦးကို တွေ့တယ်လို့ ဆိုပါတယ်။

လူငယ် ၂ ဦးအနက် အသက် ၂၅ နှစ်ရွယ် မောင်မြင့် ဆိုသူ မြန်မာလူငယ်ပြောပြချက်အရ အခင်းမဖြစ်ခင်က သူတို့သူငယ်ချင်း ၅ ယောက် အတူတကွ အရက်ထိုင်သောက်နေကြောင်း၊ အရက်မူးလာတဲ့အခါ အားကျော် (သေဆုံးသူ)နဲ့ ထွက်ပြေးသူတို့ စကားများရန်ဖြစ်ပြီး အားကျော်က အရင် ဓားနဲ့ထိုးကာ အပြင်ကိုထွက်ပြေးသွားကြောင်း၊ သူ့နောက်ကို နောက် ၂ ယောက်က လိုက်သွားကြတယ်လို့ ဆိုပါတယ်။

လောလောဆယ် သူတို့ ၂ ဦးကို ရဲတွေဖမ်းဆီးထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ လူငယ် ၂ ဦးကို ဆက်လက်စုံစမ်းရှာဖွေကာ လူသတ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူအပြစ်ပေးသွားမယ်လို့ မယ်ဆိုင်ရဲက ပြောသွားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013