DVB Logo
Home
မြန်မာသတင်း
တောင်​တွင်းကြီးမြို့နယ်​တွင်​ လူတဦး မိုးကြိုးထိမှန်​ ​သေဆုံး
DVB
·
September 18, 2017
တောင်​တွင်းကြီးမြို့နယ်​တွင်​ လူတဦး မိုးကြိုးထိမှန်​ ​သေဆုံး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဆတ်သွားတိုက်နယ်မှာ မိုးကြိုးထိမှန်လို့ အမျိုးသားတဦး သေဆုံးသွားပါတယ်။

သီရိမင်္ဂလာအုပ်စု၊ သီရိမင်္ဂလာ ကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ စက်တင်ဘာ ၁၇ ရက် ညနေ ၆ အချိန်လောက်က မြေပဲခင်းအတွင်း လင်မယား ၂ ဦး မြေပဲနုတ်နေချိန် မိုးရွာသွန်းလာတာကြောင့် လှည်းယာဉ်အောက်ကို မိုးခိုနေချိန်မှာ မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုးကြိုးထိမှန် သေဆုံးသူ သီရိမင်္ဂလာကျေးရွာနေ ဦးလှသောင်း (အသက် ၅၂-နှစ်) ဟာ မိုးကြိုးထိမှန်ပြီး ဝဲနားနောက်ဘက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခန္ဓာကိုယ်တခြမ်းလုံး ညိုမည်းကာ ဦးခေါင်းရှိဆံပင်တွေ တွန့်လိမ်ကောက်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဇနီး ဒေါ်သီတာ (အသ ၄၇-နှစ်) ကတော့ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ပြီး ခန္ဓာကိုယ် လက်၊ ခြေတွေ နာကျင်ခံစားရပြီး ခေါင်းမူး ခေါင်းကိုက်ဝေဒနာတွေ ခံစားရတာကြောင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

မိုးကြိုးထိမှန် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆတ်သွားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းအောင်ကျော်က သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၇) နဲ့ အမှုဖွင့် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013