
စက်တင်ဘာ ၁၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၅၄ ကျပ်၊ ၁ ယူရိုငွေကို ၁၆၁၇ ဒသမ ၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၀၅ ဒသမ ၈ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၁၇ ဒသမ ၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၆ ဒသမ ၆၄ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၂၁ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၃ ဒသမ ၂၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၀ ဒသမ ၉၀ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၉၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၉၆၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၁၇ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။











