
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၁/၇ နဲ့ ၁၉၂/၀ မှာ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲလောက်က ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတဦးအခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ပလွေးအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ မန္တလေးကနေ ရန်ကုန်ကို ယာဉ်မောင်းနိုင်မိုးလတ် မောင်းနှင်လာတဲ့ NISSAN FUGA ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ရှေ့ကမောင်းနှင်နေတဲ့ Mark II ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် NISSAN FUGA ယာဉ်ပေါ်မှာ လိုက်ပါသူတွေ ဒဏ်ရာမရခဲ့ပေမယ့် Mark II ယာဉ်ပေါ်လိုက်ပါသူ ယာဉ်မောင်းအပါအ၀င် ကျား ၂ ဦး၊ မ ၂ ဦးအနက် ဒေါ်ရီရီမြင့်ဟာ ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျား ၁ ဦး၊ မ ၁ ဦးတို့ ထိခိုက်ဒဏ် ရာရရှိသွားခဲ့လို့ နေပြည်တော်ဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ ရဲစခန်းက ပြောပါတယ်။
ပလွေးအမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်း နိုင်မိုးလတ်ကို ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်းကျော်အောင် (ကညွတ်ကွင်း)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့











