DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်မြေအတွင်း ကျုးကျော်ထွန်ယက်သည့် တောင်သူ ၇ ဦးကို အမှုဖွင့်
DVB
·
September 17, 2017
တပ်ပိုင်မြေအတွင်း ကျုးကျော်ထွန်ယက်သည့် တောင်သူ ၇ ဦးကို အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ရွာကျေးရွာက တောင်သူ ၇ ယောက်ကို တပ်ပိုင်မြေမှာ ကျုးကျော်ထွန်ယက် စိုက်ပျိုးထားတာကြောင့် စက်တင်ဘာ ၁၆ ရက်က ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဒုရဲအုပ် သိန်းဇော်သန်းက “အမှတ် ၂၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ် တောင်ဘက် စည်းရိုးထဲကို တောင်သူတွေက ၁၀ ဒသမ ၇၀ ဧက ကျုးကျော်စိုက်ပျိုးနေတယ်ဆိုတာ တိုင်ချက်ပေးပါတယ်။ ဂုဏ်ရွာက တောင်သူ ဦးညွန့်မောင် အပါ ၇ ယောက်ကို ပိုင်နက်ကျူးကျော်မှုနဲ့  ဖွင့်ထားတယ်" လို့ပြောပါတယ်။

တောင်ကြီးကုန်း သစ်တောကြိုးဝိုင်းမြေကို ပယ်ဖျက်ပြီး ဧရိယာ ၁၁၃၀ ဧကကို အမှတ် ၂၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမြေအဖြစ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ကတည်းက ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပြီးဖြစ်တယ် လို့သိရပါတယ်။

အခု တောင်သူတွေ ထွန်ယက် စိုက်ပျိုးနေတာဟာ တပ်မြေထဲ ကျုးနေတယ်၊ ဖယ်ရှားပေးပါ ဆိုတာ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ဆန်းကိုကိုထက်က အကြိမ်ကြိမ်ပြောခဲ့ပေမယ့် မဖယ်ပေးလို့ တရားလိုလုပ်ပြီး အမှုလာဖွင့်တယ်လို့ လည်း သိရပါတယ်။

အမှုဖွင့်ခံထားရသူတယောက်ဖြစ်တဲ့ တောင်သူဦးညွန့်မောင်က “အမှုဖွင့်ထားတယ်ဆိုတာကြားတယ်။ ကျနော်က အဲနေရာမှာ မလုပ်တော့ဘူး။ ဟိုတုန်းက ကျနော် ၁၁ ဌာနကို တိုင်ခဲ့တယ်။ အဲဒါကြောင့် တပ်မမှူးကြီး လာပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ရှင်းပြခဲ့တယ်။ တပ်ပိုင်မြေဖြစ်နေပြီ။ အခု စိုက်ပျိုးနေတာတွေက တပ်မြေထဲရောက်နေတယ်။ မလုပ်ကြပါနဲ့။ လက်ရှိသီးနှံတွေ ရိတ်သိမ်းပြီးရင် မလုပ်တော့ပါနဲ့ ပြောတယ်။ အဲကတည်းက မလုပ်တော့ဘူး။ ဒါပေမယ့် ကျနော်က အမည်ပေါက် ဖြစ်နေတယ်။ အဲဒါကြောင့် အမှုဖွင့်တဲ့ အထဲပါနေတာပါ” လို့ ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ တောင်သူ ဦးအောင်ဝင်းက "ကျနော်မှာ လယ်ယာမှတ်ပုံတင် ပုံစံ ၇ ရှိပါတယ်။ တပ်မြေကို ကျုးတယ်၊ မကျုးဖုးကတော့ တိုင်းတာကြည့်မှသာသိမယ်။ ကျနော်တို့က တောင်သူတွေဆိုတော့ သိပ်နားမလည်ဘူး။ တပ်က အမှုဖွင့်တဲ့ ၂၆ ယောက် အမှုထဲလည်း ကျနော်ပါတယ်။ အခုဖွင့်တာက နောက်တမှုပါ။ ၂ မှု ရင်ဆိုင်ရမှာပါ" လို့ပြောပါတယ်။

တောင်သူ ၇ ယောက်ကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ထောင်ဒဏ် ၃ လအထိ ကျနိုင်တဲ့ ပိုင်နက်ကျုးကျော်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၇  နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013