DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်း အိမ်ထောင်စုများအား ပစ္စည်းနှင့်ငွေများ ထောက်ပံ့
DVB
·
September 17, 2017
ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်း အိမ်ထောင်စုများအား ပစ္စည်းနှင့်ငွေများ ထောက်ပံ့
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုလို့ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် ရန်ကုန်တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

အေးရွာနဲ့ ရေပေါ်သောင်ရွာက အိမ်ထောင်စု ၆၇ စုအတွက် တအိမ်ထောင်ကို ငွေတသိန်းကျပ်နဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပေးခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူး ဦးဝင်းရွှေက အိမ်ဆောက်ပစ္စည်းဖိုး တအိမ်ထောင်ကို ၁ သိန်းကျပ်၊ ဆန်ရိက္ခာတပတ်စာအတွက်ငွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ စားသုံးဆီနဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်းရွှေ့ရတဲ့ရွာက ရပ်မိရပ်ဖတယောက်က “အဖျောက်ကပရဟိတအဖွဲ့တွေနဲ့ လူ/ကယ်ပြန်ကတော့ လာပြီး လှူကြပါတယ်။ ဒါပေမယ့် ကျနော်တို့ အဓိကလိုအပ်နေတာက နေဖို့ပါ။ ကမ်းပြိုလို့ ပြောင်းရတာ အကြိမ် မနည်းတော့ဘူး။ ထပ်ပြောင်းဖို့မြေနေရာမရှိတော့ဘူး။ ဝယ်နေဖို့ ကျတော့လည်း ဈေးတွေမနည်းဘူးလေ။ ဒါကြောင့် ကျနော်တို့ကို နေစရာ မြေပေးရင်ကောင်းမှာပါ။ ခုက နီးစပ်ရာတွေမှာ နေနေရပါတယ်” လို့ ပြောပါတယ်။

မြစ်ချောင်းဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ယာယီကမ်းထိန်းတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ဧရာဝတီ မြစ်ရေတိုက်စားလို့ ကမ်းပါးတွေပြိုပြီး အေးရွာနဲ့ ပန်းတုန်းပိတ် ကျေးရွာတွေမှာ အိမ်တွေ ပြောင်းရွှေ့နေရတာပါ။

တချို့အိမ်ထောင်စုတွေဟာ နီးစပ်ရာ ဆွေမျိုးတွေနဲ့ ကပ်နေရပြီး တချို့ကတော့ တာဘောင် တွေမှာ တဲထိုးနေရတယ်လို့ သိရပါတယ်။

သတင်း မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်း အိမ်ထောင်စုများအား ပစ္စည်းနှင့်ငွေများ ထောက်ပံ့