သာစည်တွင် မိုးကြိုးပစ်၍ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
September 17, 2017

သာစည်မြို့နယ်မှာ မိုးသည်းထန်လေပြင်းတိုက်ကာ မိုးကြိုးပစ်လို့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး အပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက မိုးစည်းထန်မနဲ့အတူ လေပြင်းတွေ တိုက်ခတ်တာကြောင့် လူနေအိမ်နဲ့ အုတ်တံတိုင်းတွေ ပြိုကျပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် အုတ်တွင်းရွာမှာ မိုးကြိုးပစ်လို့ အမျိုးသာ ၁ ဦး နဲ့ နွာ ၁ ကောင် သေဆုံးခဲ့ပြီး အမျိုးသမီးတဦးလည်း အပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပြပါတယ်။
မီးသတ်ဦစီးမှူး ဦးထွန်းထွန်းဝင်းက "တပ်ဖွဲ့ ဝင် ၁၅ ဦး နဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပရဟိတအဖွဲ့
တွေ ပူးပေါင်းကူညီပေးကြပါတယ်။ မြို့ပေါ်ကတော့ မြို့နယ်ပညာရေးမှူးရုံး အုတ်တံတိုင်း သုံး
ပန်လှပင် ကျိုးကျပြီး ပိလို့ပြိုတယ်၊ သစ်ပင်သစ်ကိုင်းတွေ အများဆုံးကျိုးတယ်။ မကျီးကန်ရွာ အိမ်တွေ ပျက်စီးတယ်၊ အုတ်တွင်းရွာမှာတော့ တောထဲအလုပ်လုပ်တဲ့ တဲမှာ မိုးခိုနေတဲ့ ကိုဖိုးသင်္ကြန်နဲ့ဇနီး မနုဝင်း တို့ကို မိုးကြိုးပစ်တာထိမှန်တယ်။ ကိုဖိုးသင်္ကြန် တကိုယ်လုံး ညိုမည်းပြီး သေဆုံးတယ်။ မနုဝင်း ကိုယ်ခန္ခာ အောက်ပိုင်း လှုပ်မရအောင် ဖြစ်သွားတယ်၊ စိုးရိမ်ရတယ်၊ ဟံဇားတိုက်နယ်ဆေးရုံ ပို့ထားပေးတယ်။ အဲရွာကပဲ ဒေါ်သောင်းတင် ခိုင်းနွားအထီး ၁ ကောင် မိုးကြိုးထိမှန် သေဆုံးတယ်"လို့ ပြောပါတယ်။
အခုဖြစ်တဲ့ မိုးသက်လေပြင်းကြောင့် အကြမ်းဖျင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၀ သိန်း ကျော်လောက် ရှိမယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)