DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်ဒေသကြီး ရေနံလက်ယက်တွင်းမှ ၁ လအတွင်း ရန်ပုံငွေ ကျပ်သန်း ၂၅၀ ကျော်ရရှိ
DVB
·
September 17, 2017
မကွေးတိုင်ဒေသကြီး ရေနံလက်ယက်တွင်းမှ ၁ လအတွင်း ရန်ပုံငွေ ကျပ်သန်း ၂၅၀ ကျော်ရရှိ
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံ လက်ယက်တွင်းတိမ်လုပ်ငန်းက ၂၀၁၇/၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၂၅၀ ကျော် ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် သာဘဝသယံဇာတဝန်ကြီး ဦးမြင့်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းကို အထက်မင်းလှမြို့နယ်မှာ အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး နိုင်ငံတော်မှ လုပ်ကွက် ၁၁ လုပ်ပိုင်ခွင့်ပြုထားကာ ရေနံလုပ်ငန်းရှင်တွေထံမှ တိုင်းဒေသကြီးရန်ပုံငွေ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်က ငွေကျပ် ၁၅၈၂ သန်းရရှိခဲ့ပြီး ပျမ်းမျှတစ်လလျင် သန်း ၁၀၀ ကျော် ခန့်ရရှိကာ ပြီးခဲ့တဲ့ သြဂုတ်လက သန်းပေါင်း ၂၅၀ ကျော်ခန့် စံချိန်တင် ရရှိခဲ့ကြောင်း ဝန်ကြီးက ပြောပါတယ်။

ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို ဆီသယ် ဘောက်ဆာယာဉ်တွေနဲ့ နိုင်ငံတော်ဘဏ္ဍာ အမြတ်ခွန်၊ ဝင်ငွေခွန်၊ စည်းကြပ်ခွန် တစ်ပီပါကို ၂၂၀၀ ကျပ်နဲ့ တိုင်းဒေသကြီး ရန်ပုံငွေ တစ်ပီပါကို ၃၀၀၀ ကျပ် လက်ငင်းပေးဆောင်ကာ သယ်ယူခွင့် မျောစာတွေ ပြုလုပ်ကာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ကျောက္ကာကုန်း ရှိ ရေနံချက်ဖိုတွေကို အများဆုံး ပို့ဆောင်ရောင်းချတယ်လို့  ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ မြို့ရှိ ရေနံချက်ဖိုတွေကိုလည်း ပို့ဆောင်ရောင်း ချနေကြောင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013