
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၀/၁ နဲ့ ၁၀၀/၂ အကြားမှာ စက်တင်ဘာ ၁၆ ညနေ ၃ နာရီလောက်က ခရီးသည်တင်ယာဉ်နဲ့ CROWN အမျိုးအစားယာဉ်တို့ တိုက်မိခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၀/၁ နဲ့ ၁၀၀/၂ အကြား ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာတဲ့ CROWN အမျိုးအစား ယာဉ်ဟာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တဖက်ယာဉ်ကြောက နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မန္တလာမင်း EXPREES ခရီးသည်တင်ရဲ့ ဝဲဘက်ခြမ်းကို ဝင်တိုက်မိခဲ့ပြီးေးနာက် CROWN ယာဉ်က လမ်းမပေါ်မှာ ရပ်တန့်သွားခဲ့ပြီး မန္တလာမင်း EXPRESS ယာဉ်မှာ လမ်းရဲ့ယာဘက်ခြမ်းရှိ ရေမြောင်းထဲကို ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
“CROWN ကားလေးက ရန်ကုန်ဘက်ကလာတာပါ၊ မန္တလာမင်း EXPRESS က နေပြည်တော်ဘက်ကလာတာဗျ၊ ကားလေးကအရှိန်များလာတယ်၊ မရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလယ်ကျွန်းကို ကျော်တက်သွားပြီး တဖက်လမ်းကလာနေတဲ့ EXPRESSကို မျက်နှာချင်း ဆိုင်တိုကိမိတာပါ၊ ကားလေးယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်၊ ထိခိုက်ဒဏ်ရာရတာနဲ့ အသေအပျောက်အတော့ မရှိပါဘူး” လို့ အမြန်လမ်းရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
မန္တလာမင်းခရီးသည်တင် EXPRESS ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါဝင်ခရီးသည် ၃၄ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်းနဲ့ ယာဉ်မတော်တစမှုဖြစ်ပြီးချိန်မှာ CROWN ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်သူ CROWNယာဉ်မောင်း(စုံစမ်းဆဲ) ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ နဲ့ အမှုဖွင့်ထားပြီး အရေးယူဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း ကျော်အောင် (ကညွတ်ကွင်း )











