DVB Logo
Home
မြန်မာသတင်း
အင်းတော် စာသင်ကျောင်းများတွင် စားသုံးရန်မသင့်သည့် တရုတ်မုန့်များတွေ့ရှိ
DVB
·
September 16, 2017
အင်းတော် စာသင်ကျောင်းများတွင် စားသုံးရန်မသင့်သည့် တရုတ်မုန့်များတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ပေါ်ရှိ စာသင်ကျောင်းတွေကို ထွေအုပ်နဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ စက်တင်ဘာ ၁၆ ရက်က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ စားသုံးဖို့မသင့်တဲ့ တရုတ်စာတန်းပါ မုန့်တွေ တွေ့ရှိခဲ့တယ်လို့ အင်းတော်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနက ဦးစီးအရာရှိ ဦးကြည်နိုင်ဦးက ပြောပါတယ်။

“ကျောင်းသားတွေဆိုတာ အစ်ကိုတို့ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေပဲလေ၊ ဒီလူငယ်တွေကို အန္တရာယ်ရှိတဲ့ အစားအသောက်တွေ မစားမိအောင်၊ ရွေးချယ် ၀ယ်ယူတတ်နိုင်အောင်၊ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်လူငယ်တွေဖြစ်ဖို့အတွက် ကျနော်တို့အနေနဲ့  တားမြစ်တာတို့၊ အသိပညာပေးတာတို့ ပြုလုပ်နေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အင်းတော်မြို့ အခြခံပညာအထက်တန်းကျောင်း၊ မြို့မအခြေခံပညာ မူလတန်းလွန် ကျောင်းတွေရှိ ကျောင်းမုန့်ဈေးတန်းတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ စားသုံးဖို့မသင့်တဲ့ တရုတ်စာတန်းပါ ရောင်စုံအချိုရည်ဘူး၊ မှိုတက်ကိတ်မုန့်ပေါင်မုန့်၊ ဆေးဆိုးငါးမုန့်ခြောက်၊၊ ရောင်စုံဂျယ်လီ၊ တံဆိပ်မပါကပ်စေးနဲ၊ အသားပြားခြောက်ကြော်၊ ရောင်စုံဒုတ်ထိုးချိုချဉ်၊ တရုတ်ဆီးသီးအနီလုံးတွေ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ပထမအကြိမ်အဖြစ် စစ်ဆေးပညာပေးခဲ့ပြီး ဒုတိယအကြိမ်ရောင်းချပါက သိမ်းဆည်းတာ၊ တတိယအကြိမ်ရောင်းချပါက အရေးယူဆောင်ရွက်သွားမယ်လို့ ဦးကြည်နိုင်ဦး ကပြောပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013