DVB Logo
Home
မြန်မာသတင်း
မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးရန် စီပီဂျေ တောင်းဆို
DVB
·
September 16, 2017
မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးရန် စီပီဂျေ တောင်းဆို
Donate to DVB

မြန်မာ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်းထားရာကနေ လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ (စီပီဂျေ) က တောင်းဆိုလိုက်ပါတယ်။

သူတို့ နှစ်ယောက်လုံးဟာ ဂျာမဏီနိုင်ငံ အခြေစိုက် GEO မဂဇင်းအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး ဘင်္ဂလားနယ်စပ်က ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံရိုက်ဖို့ သွားရောက်ခဲ့တာပါ။

သူတို့ကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကော့ဘက်ဇား နယ်ထဲမှာ စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးထားတာပါ။

အမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ သတင်းသမားတွေကို ရာဇ၀တ်မှုနဲ့ အရေးမယူသင့်ဘူးလို့ CPJ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ ဓာတ်ပုံ သတင်းထောက် ၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့မဟုတ်ဘဲ ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ ၀င်လာပြီးတော့ ဓာတ်ပုံ သတင်းရိုက်ယူတာတွေ လုပ်တာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ချိုးဖောက်မှုနဲ့ တရားစွဲထားတာ ဖြစ်တယ်လို့ GEO မဂဇင်း တာဝန်ရှိသူက ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူတို့အတွက် အာမခံလျှောက်ထားတာကိုလည်း တရားရုံးက ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့မှာ ဖမ်းဆီးတရားစွဲဆိုထားပြီး ဘာအတွက် ဖမ်းတယ်ဆိုတာ မေးမြန်းထားကြောင်း နိုင်ငံတေ် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013