DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် တရားမ၀င်ဆေးဝါးတု ရောင်းချမှုရှိမရှိ စစ်ဆေး
DVB
·
September 16, 2017
ညောင်လေးပင်တွင် တရားမ၀င်ဆေးဝါးတု ရောင်းချမှုရှိမရှိ စစ်ဆေး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်က မြို့နယ်တွင်းရှိ ဆေးဆိုင်တွေမှာ တရားမဝင်ဆေးဝါးတုတွေ ရောင်းချနေမှု ရှိမရှိကို ၁၀ ကြိမ်မြောက်စစ်ဆေး မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ဆေးဝါးတုတိုက်ဖျက်ရေး လုပ်ငန်းစီမံချက်အရ အင်တာပိုလ်ဆေးဝါးတု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့နဲ့ မြို့ပေါ်ရှိ ဌာနဆိုင်ရာတွေ ပူးပေါင်းရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရဲမှူးကိုကိုကြီးက “ကျနော်တို့မြို့နယ်မှာ ဆေးဝါးတုများ ကင်းစင်ပပျောက်စေရေးနှင့်ပြည်သူများ ဆေးဝါးတုများရဲ့ ဘေးထွက်ဆိုးကျိုးအန္တယ်များမှ ကင်းစင်းစေရန်ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့ပေါ်ရှိ ဆေးဆိုင်တွေနဲ့ ဈေးအတွင်းရှိ ဆေးဆိုင် ၈ ဆိုင်မှာ ဆေးဝါးအတု၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါး၊ စပ်ဆေးတွေနဲ့ စံမညီဆေးဝါးတွေ ရောင်းချမှု မရှိစေရေး စစ်ဆေးတာ၊ ပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013