DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသူများအတွက်အဆောင် ဆောက်လုပ်
DVB
·
September 16, 2017
မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသူများအတွက်အဆောင် ဆောက်လုပ်
Donate to DVB

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းအတွင်း အဆောင်ကို သိန်းရှစ်ထောင်ကျော် အသုံးပြုကာ လာမယ့် ၂၀၁၈ ခုနှစ်၊ မတ်လအကုန်မှာ အပြီးဆောက်လုပ်သွားမယ်လို့ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာမင်းဇော်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနှစ်ကတော့ ကျောင်းသူတွေအတွက် စဆောက်နေတယ်။ နောက်ဘတ်ဂျက်နှစ်မှာတော့ ကျောင်းသားတွေအတွက် ဆောက်လုပ်သွားမှာပါ။ လာမယ့်စာသင်နှစ်က ဒီဇင်ဘာလမှာ ဖွင့်မှာဆိုတော့ နှစ်ဝက်လောက်ဆိုရင် နေလို့ရပါပြီ။”

မော်လမြိုင် နည်းပညာတက္ကသိုလ်ကျောင်း အနီးတ၀ိုက်ရှိ ပြင်ပ အဆောင်တွေမှာ မကြာခဏ ခိုးယူလုယက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား အများစုရဲ့ မော်တော်ဆိုင်ကယ်တွေ၊ မိုဘိုင်းဖုန်းအပါအ၀င် အခြားအသုံးအဆောင်ပစ္စည်းတွေ  ပျောက်ဆုံးနေတဲ့အတွက် အခုလိုဆောက်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ကျောင်းသူ ၁၆၀ ဆံ့တဲ့ ကျောင်းတွင်း အဆောင်ကို သိန်း ၈၀၀၀ ကျော် အကုန်ကျခံကာ ဆောက်လုပ်နေပြီး နောက်နှစ်ဘတ်ဂျက် ကျမှ ကျောင်းသားတွေအတွက် ဆောက်လုပ်သွားမယ်လို့လည်း ဒေါက်တာ မင်းဇော်အောင်က ပြောပါတယ်။

ကျောင်းတွင်းအဆောင်မှာ နယ်ဝေးကလာသူတွေ၊ မော်လမြိုင်မြို့တွင်း နေထိုင်ပြီး သွားလာရ ခက်ခဲနေသူတွေကို ဦးစားပေးရွေးချယ်ကာ ကျောင်းသူ ၁၆၀ ကို လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ- အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013