DVB Logo
Home
မြန်မာသတင်း
အသက် ၉၀ နှစ်နှင့် အထက် အဘိုး/အဘွား များအား ဒုတိယအကြိမ် ပင်စင်ငွေထောက်ပံ့
DVB
·
September 16, 2017
အသက် ၉၀ နှစ်နှင့် အထက် အဘိုး/အဘွား များအား ဒုတိယအကြိမ် ပင်စင်ငွေထောက်ပံ့
Donate to DVB

ပဲခူးမြို့နယ်အတွင်း ရှိအသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပဲခူးမြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယအကြိမ် လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ရာမှာ အသက် ၉၀ နှစ်နဲ့အထက် အဘိုး ၁၂၇ ဦး၊ အဘွား ၂၇၇ ဦး၊ စုစုပေါင်း ၄၀၄ ဦးရှိပြီး တဦးကို ငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ သုံးလစာ ၃၀၀၀၀ ကျပ်ထောက်ပံ့ပေးအပ်တာဖြစ်ပါတယ်။

ထောက်ပံ့ငွေပေးအပ်ရာမှာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကတဆင့် အဘိုး/ဘွား တွေဆီကို လူမှုရေးပင်စင်စာအုပ်နဲ့ ပြန်လည်ပေးအပ်တာဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းကျော် က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း အရင်နှစ်တွေက တနှစ်ကိုတကြိမ်သာ ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်ကစတင်ပြီး အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို တလကို ငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ သုံးလတကြိမ် ပဲခူးနဲ့ တောင်ငူခရိုင်မှ ၂၀၅၀ ဦး၊ ပြည်နဲ့သာယာဝတီခရိုင်တို့မှ ၂၇၅၇ ဦးစုစုပေါင်း ၄၈၀၇ ဦး ထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013