DVB Logo
Home
မြန်မာသတင်း
မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
DVB
·
September 16, 2017
မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
Donate to DVB

မြန်မာ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။

သူတို့ နှစ်ယောက်လုံးဟာ ဂျာမဏီနိုင်ငံ အခြေစိုက် GEO မဂ္ဂဇင်းအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံရိုက်ဖို့ သွားရောက်ခဲ့တာပါ။

သူတို့ကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကော့ဘက်ဇား နယ်ထဲမှာ စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။

မြန်မာဓာတ်ပုံ သတင်းထောက် ၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ၀င်လာပြီးတော့ ဓာတ်ပုံ သတင်းရိုက်ယူတာတွေ လုပ်တာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ချိုးဖောက်မှုနဲ့ တရားစွဲထားတာ ဖြစ်တယ်လို့ GEO မဂ္ဂဇင်း တာဝန်ရှိသူက ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူတို့အတွက် အာမခံလျှောက်ထားတာကိုလည်း တရားရုံးက ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် Twitter စာမျက်နှာပေါ်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် နှစ်ယောက်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို မေးမြန်းမယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013