DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်း အိက်စ်ပရက်ကားပေါ်တွင် ခရီးသည်အမျိုးသား ၁ ဦး သေဆုံး
DVB
·
September 15, 2017
ရန်ကုန်-မန္တလေး အမြန်လမ်း အိက်စ်ပရက်ကားပေါ်တွင် ခရီးသည်အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း သီးကုန်းယာဉ်ရပ်နားကွင်းမှာ စက်တင်ဘာလ ၁၅ ရက် မနက် ၆ နာရီက ဇေယျာရွှေပြည် အိက်စ်ပရက်ကားပေါ် လိုက်ပါလာတဲ့ ခရီးသည်အမျိုးသား ၁ ဦး ဆင်းရမယ့်နေရာ မဆင်းတာကြောင့် အိပ်ပျော်နေတယ်ထင်လို့ နှိုးလိုက်မှ သေဆုံးနေတာ သိရတဲ့ အမှုတခု ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်က မန္တလေးကို ထွက်လာတဲ့ ဇေယျာရွှေပြည် အိက်စ်ပရက်ကားဟာ သီးကုန်း အမြန်လမ်း ယာဉ်ရပ်နာကွင်း မိုင်တိုင် ၂၈၄/၄ အနီးမှာ ရပ်နားပါတယ်။ ကားလက်မှတ်ဖြတ်ချိန်က မှတ်သားထားမှုအရ ခုံအမှတ် ၇ မှာ စီးလာတဲ့ ခရီးသည် ကိုထိန်လင်းအောင် ဆင်းရမှာ ဖြစ်ပါတယ်။ အိပ်ပျော်နေလို့ မဆင်းဖြစ်ဖူး ထင်တာကြောင့် ယာဉ်မောင်းဖြစ်သူ ကိုဘိုခိုင်က အမည်ခေါ်ပြီး နှိုးသော်လည်း မနိုးလို့ ခန္ဓာကိုယ်ထိနှိုးမှ အေးစက်တောင့်တင်းပြီး သေဆုံးနေတာ သိရတယ် ဆိုတာ သီကုန်းရဲစခန်းကို အကြောင်းကြားပါတယ်။ စခန်းမှူး ရဲအုပ်သန်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။

စခန်းမှူးရဲအုပ်သန်းထွန်းက “ကားပေါ်မှာ သေဆုံးတဲ့ ခရီးသည် ကိုထိန်လင်းအောင်ဟာ ညောင်ရွှေမြို့နယ် စဉ်ဟယ်ရွာ နယ်မြေ ၂ မှာ နေတယ်ဆိုတာ သိရတယ်။ ထိုင်ခုံပေါ်မှာ ဘေးတစောင်းအနေအထား လဲလျောင်းလျက် သေဆုံးနေတာ တွေ့ရတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ရဲတပ်ဖွဲ့ပိုင်ကားနဲ့ပဲ မိတ္ထီလာဆေးရုံပို့ပေးတယ်”လို့ ပြောပါတယ်။

သီးကုန်အမြန်လမ်းရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013