DVB Logo
Home
မြန်မာသတင်း
အခက်ခဲကြုံနေသည့် ရခိုင်ပြည်သူများကို ကူညီနိုင်ရန် ကသာပရဟိတအသင်းများ စုပေါင်းအလှူခံ
DVB
·
September 15, 2017
အခက်ခဲကြုံနေသည့် ရခိုင်ပြည်သူများကို ကူညီနိုင်ရန် ကသာပရဟိတအသင်းများ စုပေါင်းအလှူခံ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ ပရဟိတအသင်းတွေ စုပေါင်းပြီး ရခိုင်ပြည်နယ်ထဲက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် စက်တင်ဘာ ၁၃ ရက်နေ့က စတင်လှည့်လည် အလှူခံနေတယ်လို့ ဧရာကမ်းသာ လူမှုကူညီရေးအသင်းမှ ကိုကျော်မျိုးဦးက ပြောပါတယ်။

“လူသားချင်း စာနာပြီး အတိဒုက္ခရောက်နေတဲ့သူကို ကူညီချင်တဲ့ဆန္ဒလေးပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကြောင့် ဒုက္ခ အမှန်တကယ် ရောက်နေကြပြီး အကူအညီ လိုအပ်နေတာကို ကျနော်တို့ မြင်နေတွေ့နေရတာပေါ့။ ရုပ်မြင်သံကြားမှာလည်း မြင်ရတယ်။ သူများတွေလည်း ကူညီနေကြတယ်။ ကျနော်တို့လည်း တထောင့်တနေရာကနေ လုပ်ကြရအောင်ဆိုပြီး ကသာမြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး လုပ်ကြတာပါ”လို့ ပြောပါတယ်။

ကသာမြို့ Pandora Music Band မှ ကိုညိုကိုနိုင်က “ကသာမှာရှိတဲ့ အနုပညာသမားတွေ ပရဟိတအဖွဲ့ ၁၁ ဖွဲ့ပေါင်းပြီး ဖျော်ဖြေတာပါ။ ကုန်ကျစရိတ်အကုန်လုံးကို ကိုယ်စရိတ်နဲ့ ကိုယ်ခံမှာပါ။ ရသမျှအလှူတွေကို ရခိုင်ကို လှူမှာပါ။ ကျနော်တို့ Pandora Music Band အနေနဲ့ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေကြတယ်။ တာဝန်ရှိတယ် ဆိုတဲ့အသိနဲ့ တီးဝိုင်းတခုလုံး ကိုယ့်စရိတ် ကိုယ်စားပြီး မနက် ၈ နာရီမှ ည ၈ နာရီအထိ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ပုံငွေရှာ ကူတာပါ” လို့ ဆိုပါတယ်။

ကသာမြို့ပေါ်ရှိ ပရဟိတအသင်းတွေ စုပေါင်းပြီး ရခိုင်ပြည်နယ်ထဲက အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရန်အတွက် စက်တင်ဘာ ၁၃ ရက်နေ့က စတင်လှည့်လည်အလှူခံခဲ့ရာ ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ သိန်း ၅၀ နီးပါး ရရှိထားပြီး ကသာခရိုင်ထဲကို အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်တွေကို စက်တင်ဘာ ၁၇ ရက်နေ့အထိ ဆက်လက်လှည့်လည်အလှူခံမယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013