သီပေါမြို့နယ်ရှိ စော်ဘွားကြီး ဆာစဝ်ချယ်ရဲ့သင်္ချိုင်းဂူ (ဓာတ်ပုံ)
DVB
·
September 15, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာရှိတဲ့ စော်ဘွားကြီး ဆာစဝ်ချယ်ရဲ့ သင်္ချိုးဂူနေရာဟာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မယ့်သူ မရှိဘဲ ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ မထင်မရှား တိမ်မြုပ်ပျောက်ကွယ်လို့ နေပါတယ်။
ဒီသင်္ချိုးက ဂူတလုံးပေါ်မှာတော့ သီပေါအုန်းဘောင်လေးမြို့ အရှင်သခင် သာသနာ့ ဒါယကာ ဗဟုသုတပညာ CIA ဘွဲ့။ ရွှေစလွယ်တော်ရ စော်ဘွားကြီး ဆာစဝ်ချယ်သည် နန်းသက် ၂၆ နှစ် ၁၂၉၀ ပြည့် နယုံလဆန်း ၁၂ ရက် နေ့တွင် နတ်ရွာစံ ကံတော်ကုန်လေသည်လို့ ကျောက်စာရေးထိုးထားတာကို တွေ့ရပါတယ်။