DVB Logo
Home
မြန်မာသတင်း
တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
DVB
·
September 15, 2017
တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Donate to DVB

တိုက်ကြီးမြို့နယ်မှာ ယူနက်စကိုနဲ့ Myanmar Book Aid Preservation Foundation အဖွဲ့တို့က တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေက တောင်သူတွေကို Communication For Development Training ဖွံ့ဖြိုးတိုးတက်ရေး ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး သုံးရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးကဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင် က “တောင်သူတွေကို အင်တာနက်သုံးစွဲနည်းစနစ်များ၊ စပါးစိုက်ပျိုးတဲ့အခါ စပါးအထွက်တိုးဖို့ ဘယ်လိုစိုက်ပျိုးရမယ်ဆိုတဲ့ နည်းစနစ်တွေ၊ ပိုးမွှားကျရောက်ပါက မည့်သည့်ပိုးသတ်ဆေး မျိုးများသုံးစွဲနှိမ်နှင်းရမည့်အကြောင်း၊ ကာလအလိုက် စပါးပေါက်ဈေးတွေကို အချိန်နှင့်တပြေးညီ သိနိုင်ဖို့အတွက် Greenwayapk နဲ့ သိလိုတဲ့အချက်တွေကို ရှာဖွေအသုံးပြုပုံ နည်းစနစ်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ပြတဲ့သတင်းတွေကို တောင်သူတွေအနေနဲ့ ယုံလွယ်မှုမရှိစေဘဲ အမှားအမှန်ခွဲခြားတက်အောင် အင်တာနက်သုံးစွဲနည်းကို စနစ်တကျ သုံးစွဲတတ်အောင် အဓိကသင်ကြားပေးသွားပြီး အခုသင်တန်းဖွင့်လှစ် သင်ကြားပေးလို့ အောင်မြင်ရင် နောက်ထပ်တောင်သူတွေနဲ့ ပတ်သတ်ပြီး သင်တန်းတွေ ဆက်လက်ဖွင့်လှစ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

“ကျနော်တို့ တောင်သူတွေကတော့ အခုသင်တန်းမှာ တောင်သူတွေအတွက် စိုက်ပျိုးနည်းစနစ်တွေ၊ ပိုးမွှားအန္တရာယ်ကာကွယ်မူတွေကို သင်ကြားပေးမယ်ဆိုလို့ လာတက်တာပါ၊ ကျနော်တို့က တောင်သူတွေဆိုတော့ စိုက်ပျိုးရေးကို အဓိကလုပ်တာလေ၊ ဒါတွေနဲ့ပတ်သတ်တဲ့ သင်တန်းဆိုတော့ စိတ်ဝင်စားတယ်၊ ဒါကြောင့်လာတက်တာပါ” လို့ တောင်သူတဦးက ပြောပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတစ်ပင်မြို့နယ်မှာ သြဂုတ် ၂၂ ရက်က ပထမအကြိမ် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တိုက်ကြီးမြို့နယ်မှာ ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး တိုက်ကြီးမြို့နယ်ဌာနဆိုင်ရာတွေက ဝန်ထမ်းတွေနဲ့ ကျေးရွာအုပ်စုတွေက တောင်သူများစုစုပေါင်း ၄၀ လောက် တက်ရောက်ခဲ့ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013