DVB Logo
Home
မြန်မာသတင်း
မသန်စွမ်း အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
DVB
·
September 15, 2017
မသန်စွမ်း အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီး
Donate to DVB

မွန်ုပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ငါးမျှားစခန်းကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲက မသန်စွမ်းအမျိုးသမီးတဦးအား အဓမ္မပြုကျင့်ဖို့ ကြံစည်သူကို ကျေးရွာတာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၃ ရက် ညက ဖမ်းဆီးအရေးယူလိုက်ပါတယ်။

ဖြစ်စဉ်မှာ မ---ဟာ ခင်ပွန်းဖြစ်သူငါးဖမ်းသွားချိန် နေအိမ်မှာ ကလေးနို့တိုက်ရင်း အိပ်နေချိန် အိမ်နီးချင်းဖြစ်တဲ့ ကိုရင်ကောင်(ခ) သန်းထိုက်က မ---- အား ဘောင်းဘီအတင်း ဆွဲချွတ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်နေချိန် ကလေးအော်ငိုလို့ သန်းထိုက်က နေအိမ်ကနေ ထပြန်သွားခဲ့တယ်လို့ ရေးမြို့မရဲစခန်း အမှုစစ်ရဲအုပ် ထွန်းယုဇော်က ပြောပါတယ်။

မ----မှာ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူဖြစ်ပြီး  ၂ လသားအရွယ် သားတဦး ထွန်းကားခဲ့ပြီး အခုလို အဓမ္မပြုကျင့်ဖို့ ကြံစည်အားထုတ်သူကို အရေးယူပေးဖို့ လာရောက်တိုင်တန်းခဲ့တာပါလို့ ရေးမြို့မ ရဲစခန်းက တာဝန်ကျရဲတဦးက ပြောပါတယ်။

ရေးမြို့မရဲစခန်းက ကိုရင်ကောင်(ခ)သန်းထိုက်ကို ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013