DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ပထမတန်း ကျောင်းသားလေးတဦး အသတ်ခံရ
DVB
·
September 15, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းအပိုင်ထဲက ကွင်းကောက်တောင်အုပ်စု လိန်ကုန်းကျေးရွာက ပထမတန်း ကျောင်းသားလေး အသတ်ခံခဲ့ရတယ်လို့ ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၁၄ ရက်နေ ညနေ ၄ နာရီ ၄၀ မိနစ်လောက်က လိန်ကုန်းဘုန်းတော်ကြီးကျောင်းရှေ့ မြန်အောင်စု အ.မ.က က ပထမတန်းကျောင်းသား မောင်ဇော်ဖြိုးပိုင်(ခ)ဖိုးကောက် အသက် ၆ နှစ်အရွယ်ကို တရွာတည်းနေ လွင်မင်းသန့် (၃၅- နှစ်)က ဓားနဲ့ ထိုးသတ်ခဲ့တာပါ။

ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ဇော်မင်းထွန်းကတော့ “ဟုတ်တယ်ဗျ။ ဒီနေ့ ညနေ ၄ နာရီကျော်လောက်က ဖြစ်တာပါ။ ဖြစ်စဉ်ကို ကျနော်တို့ ကြားတော့ အခင်းဖြစ်ရာ နေရာသွားပြီး မျက်မြင်သက်သေတွေ မေးပြီး တရားခံကိုဖမ်း၊ သက်သေခံပစ္စည်းတွေသိမ်း၊ ရဲလုပ်ငန်းတွေ လုပ်တယ်ဗျ။ သေဆုံးသွားတဲ့ ကလေးကတော့ ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးနေတာပါ။ မသေမချင်း သတ်တဲ့ သဘောပါ။ တရားခံကတော့ ကျပန်းလုပ်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အရက်ဖြတ်ထားတာလို့ သိရတယ်။ လောလောဆယ် တရားခံကို မေးကြည့်တာတော့ သူ့မျက်လုံးထဲ သူ့ကို ရန်ပြုမယ့်လူလို့ မြင်လို့ သတ်လိုက်တာလို့တော့ ပြောတယ်။ အသေးစိတ်တော့ မသိရဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

လူသတ်မှုကို ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်း အမှုအမှတ် (ပ)၁၁၁/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂) လူသတ်မှုနဲ့ အမှုဖွင့် စစ်ဆေးပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းအတွင်းမှာပဲ လွန်ခဲ့တဲ့ ၅ လပိုင်းတုန်းကလည်း ၄ နှစ် အရွယ် ကလေးမလေးတယောက်ကို အသက် ၃၀ ကျော် လူတယောက်က သတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားဖူးပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013